Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 20:18 - Common Language Bible

18 တစ်​စုံ​တစ်​ယောက်​သည်​ရာ​သီ​သွေး​ပေါ်​လျက်​ရှိ​သော​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သူ​တို့​နှစ်​ဦး​သည်​သန့်​စင်​မှု​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက်​သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​မှ​နှင်​ထုတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 လူ တစ် ဦး တစ် ယောက် သည် ရာ သီ ရောက် ရာ ကာ လ အ တွင်း မိန်း မ နှင့် ဆက် ဆံ လျှင် ထို ကာ လ အိပ် စက် ကြ သော ကြောင့် အ မျိုး ဘောင် မှ နှစ် ဦး လုံး ပယ် ရှား ခံ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယောက်ျား​သည် ဥ​တု​ရောက်​လျက်​ရှိ​သော​မိန်း​မ​နှင့် သင့်​နေ​လျှင်၊ ထို​သူ​တို့​သည် သ​ဘော​တူ၍ သွေး​သွန်​အ​နာ​ကို​ထင်​ရှား​စေ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ယောက်ျား​သည် ဓမ္မတာလာ​နေ​သော​မိန်းမ​နှင့်​အိပ်​၍ ဆက်ဆံ​ခြင်း​ကို​ပြု​လျှင် ထို​သူ​သည် မိန်းမ​၏​သွေးသွန်​ခြင်း​ကို​ဖော်​၍ မိန်းမ​သည်​လည်း မိမိ​၏​သွေးသွန်​ခြင်း​ကို​ပေါ်​စေ​သောကြောင့် သူ​တို့​နှစ်ဦးစလုံး​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 20:18
6 ပူးပေါင်းရင်းမြစ်များ  

မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။


သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-


သင့်​အ​ထဲ​တွင်​အ​ချို့​သော​သူ​တို့​သည် မိ​မိ တို့​၏​မိ​ထွေး​များ​နှင့်​ပြစ်​မှား​ကြ​၏။ သင့် အ​ထဲ​၌​အ​ချို့​က​အ​မျိုး​သ​မီး​များ ရာ​သီ​လာ​ချိန်​တွင်​အ​ဋ္ဌမ္မ​ပြု​ကျင့်​ကြ​၏။-


ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​မ​သန့်​စင် သော​ကြောင့် သူ​နှင့်​ကာ​မ​စပ်​ယှက်​သော​ယောကျာ်း သည်​လည်း ခု​နစ်​ရက်​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။ ထို​သူ​၏​အိပ်​ရာ​သည်​လည်း မ​သန့်​စင်။


ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ရာ​သီ​သွေး ပေါ်​ချိန်​အ​တွင်း​သူ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ