ဤသို့ဖြင့် မံရေမြို့အရှေ့၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်၊ ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူနှင့် လယ်၏လယ်စပ်ပတ်လည်ရှိ သစ်ပင်အားလုံးတို့ကို
ဝတ်ပြု 2:12 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ၎င်းတို့ကို အသီးဦးပူဇော်သက္ကာအဖြစ် ထာဝရဘုရားအား ပူဇော်နိုင်၏။ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ မရှို့ရ။ Common Language Bible သင်တို့နှစ်စဉ်အဦးဆုံးရိတ်သိမ်းသည့် ကောက်ပဲသီးနှံကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ သို့ရာတွင်ယင်းကိုပလ္လင် ပေါ်တွင်မီးမရှို့ရ။- Garrad Bible အ ဦး ပေါ် ရာ အ လှူ ဒါ န အ ဖြစ် ဆက် ကပ် သင့် သော် လည်း စိတ် တော် ပြေ ဖွယ် ရ နံ့ အ ဖြစ် ဖြင့် ပ လ္လင် တော် ပေါ် မှာ မ တင် ရ။ Judson Bible အဦးသီးသော အသီးအနှံကို ပူဇော်သောအမှုမှာ၊ တဆေးနှင့်ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဖို့ ယဇ်ပလ္လင်ပေါ်မှာမီးမရှို့ရ။ |
ဤသို့ဖြင့် မံရေမြို့အရှေ့၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်၊ ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူနှင့် လယ်၏လယ်စပ်ပတ်လည်ရှိ သစ်ပင်အားလုံးတို့ကို
ထိုအမိန့်တော်ကို နေရာအနှံ့ထုတ်ပြန်သည်နှင့် အစ္စရေးအမျိုးသားတို့သည် သီးဦးသီးဖျားကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ ပျားရည်နှင့် လယ်ယာထွက်သီးနှံအားလုံးတို့ကို အမြောက်အမြားယူဆောင်လာပေးကြ၏။ ဥစ္စာရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကိုလည်း အမြောက်အမြား ယူဆောင်လာကြ၏။
အသီးဦး၊ စပျစ်ရည်ဦးတို့ကို မယူထားဘဲ ငါ့အား ဆက်ကပ်ရမည်။ သင်တို့၏သားဦးများကိုလည်း ဆက်ကပ်ရမည်။
သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
ဂျုံရိတ်သိမ်းရာကာလ၏အဦးဆုံးသီးနှံဖြင့် ခုနစ်သီတင်းမြောက်ပွဲတော်ကိုလည်းကောင်း၊ နှစ်ဆန်း၌ စုသိမ်းရာပွဲတော်ကိုလည်းကောင်း သင်ကျင်းပရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်၍ သီးနှံရိတ်သိမ်းသောအခါ သင်တို့ရိတ်သိမ်းသော အသီးဦးသီးနှံတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
သင်တို့နေအိမ်မှ မုန့်နှစ်လုံးကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ ထိုမုန့်တို့သည် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို တဆေးဖြင့်ဖုတ်ထားသောမုန့်ဖြစ်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ အဦးဆုံးသီးနှံအလှူဖြစ်၏။
ထို့ပြင် ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် မိတ်သဟာယယဇ်နှင့်အတူ တဆေးပါသောမုန့်ဝိုင်းကိုလည်း ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သင်တို့၏အဦးဆုံးမုန့်ညက်ဖြင့်ပြုလုပ်သောမုန့်ဝိုင်းကို အလှူပစ္စည်းအဖြစ် ပေးလှူပူဇော်ရမည်။ ၎င်းကို ကောက်နယ်တလင်းမှအလှူပစ္စည်းကဲ့သို့ ပေးလှူပူဇော်ရမည်။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် အကောင်းဆုံးဆီ၊ အကောင်းဆုံးစပျစ်ဝိုင်အသစ်၊ အဦးဆုံးကောက်ပဲသီးနှံစသည်တို့အားလုံးကို သင်တို့အား ငါပေးပြီ။
ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။
အို ထာဝရဘုရား၊ အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောမြေအသီးအနှံ၏အသီးဦးကို ယခု အကျွန်ုပ်ယူဆောင်လာပါ၏’ဟု လျှောက်ဆိုပြီးလျှင် ထိုအသီးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ချထား၍ သင်၏ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရမည်။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။