တောလည် 15:20 - မြန်မာ့စံမီသမ္မာကျမ်း20 သင်တို့၏အဦးဆုံးမုန့်ညက်ဖြင့်ပြုလုပ်သောမုန့်ဝိုင်းကို အလှူပစ္စည်းအဖြစ် ပေးလှူပူဇော်ရမည်။ ၎င်းကို ကောက်နယ်တလင်းမှအလှူပစ္စည်းကဲ့သို့ ပေးလှူပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible20 ကောက်သစ်မှရသောမုန့်ညက်ဖြင့်လုပ်သည့် အဦးဆုံးမုန့်ကို ထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်ဆက်သရမည်။ ကောက်နယ်တလင်းမှရသောစပါးကို အထူးလှူဖွယ်အဖြစ်ဆက်သသည့်နည်း တူဤမုန့်ကိုဆက်သရမည်။- အခန်းကိုကြည့်ပါ။Garrad Bible20 မုန့် ဆန်း ဦး အ နက် မြှောက် ဆက် ရာ အ လှူ အ ဖြစ် မုန့် ပေါက် ကို ချီ ယူ လျက် ကောက် နယ် တ လင်း နှင့် ဆိုင် သော မြှောက် ဆက် ရာ လှူ နည်း အ တိုင်း မြှောက် ဆက် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible20 အဦးနယ်သောမုန့်စိမ်းဖြင့် လုပ်သောမုန့်ပြားကို ချီမြှောက်ရာပူဇော်သကာပြု၍ ကောက်နယ်တလင်းထဲက ချီမြှောက်ရာပူဇော်သကာကို ပြုသကဲ့သို့ ချီမြှောက်ရမည်။ အခန်းကိုကြည့်ပါ။ |
အဦးဆုံးမုန့်ညက်၊ အလှူပစ္စည်း၊ သစ်သီးအမျိုးမျိုး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုလည်း ဘုရားသခင်၏အိမ်တော်ခန်းရှိ ယဇ်ပုရောဟိတ်ထံသို့ယူဆောင်လာပါမည်။ လေဝိအမျိုးတို့သည် မြို့ရွာတိုင်းမှာ စိုက်ပျိုးသောသီးနှံတို့၏ဆယ်ဖို့တစ်ဖို့ကို ရထိုက်သူများဖြစ်သောကြောင့် မြေထွက်သီးနှံ၏ဆယ်ဖို့တစ်ဖို့ကိုလည်း လေဝိအမျိုးတို့ထံ ယူဆောင်လာပါမည်။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ကိုယ်တော်၏ရှေ့တော်၌ စားရမည်။ ဤသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကြောက်ရွံ့မည့်အကြောင်း သင်ယူခြင်းဖြစ်၏။