ဝတ်ပြု 7:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထို့ပြင် ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် မိတ်သဟာယယဇ်နှင့်အတူ တဆေးပါသောမုန့်ဝိုင်းကိုလည်း ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible13 ထိုမုန့်များအပြင် တဆေးထည့်၍ဖုတ် သောမုန့်များကိုလည်းဆက်ကပ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို အ လှူ ဒါ န ပြင် ချီး မွမ်း ရာ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ နှင့် တ ကွ တ ဆေး ပါ သော မုန့် ပေါက် များ ကို ဆက် ကပ် စေ။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုမုန့်ပြားမှတစ်ပါး၊ မိတ်သဟာယပူဇော်သကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသောမုန့်ကိုလည်း ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
ထိုမုန့်နှင့်အတူ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်၊ နွားထီးပျိုတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ ထိုအကောင်တို့နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။