၂ ရာချုပ် 31:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထိုအမိန့်တော်ကို နေရာအနှံ့ထုတ်ပြန်သည်နှင့် အစ္စရေးအမျိုးသားတို့သည် သီးဦးသီးဖျားကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ ပျားရည်နှင့် လယ်ယာထွက်သီးနှံအားလုံးတို့ကို အမြောက်အမြားယူဆောင်လာပေးကြ၏။ ဥစ္စာရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကိုလည်း အမြောက်အမြား ယူဆောင်လာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 အမိန့်တော်ကိုကြားလျှင်ကြားချင်းဣသရေလ ပြည်သူတို့သည်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ပျားရည်နှင့်အခြားလယ်ယာထွက်သီးနှံ လက်ဦးလက်ဖျားများ ကိုလည်းကောင်း၊ ရှိသမျှသောဥစ္စာများ၏ ဆယ်ပုံတစ်ပုံကိုလည်းကောင်းယူဆောင်လာ ကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible5 ထို အ မိန့် တော် ကို ကြား လျှင် ကြား ချင်း၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ဆန်၊ စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ ပျား ရည် မှ စ သော မြေ အ သီး အ နှံ လက် ဦး လက် ဖျား ကို လည်း ကောင်း၊ အ ခြား ဥ စ္စာ အ နက် ဆယ် ဖို့ တစ် ဖို့ ကို လည်း ကောင်း၊ အ မြောက် အ မြား ဆောင် ယူ လှူ ဒါန်း ကြ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible5 ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိသော မြေအသီးအနှံကိုလည်းကောင်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း များစွာဆောင်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။