ငါတို့၏အပြစ်နှင့်အညီ ငါတို့အား ပြုတော်မမူ။ ငါတို့၏ဒုစရိုက်နှင့်အညီ ငါတို့အား တုံ့ပြန်တော်မမူ။
ဝတ်ပြု 16:22 - မြန်မာ့စံမီသမ္မာကျမ်း ဆိတ်သငယ်သည် သူတို့၏အပြစ်ရှိသမျှကို လူသူကင်းဝေးရာအရပ်သို့ ယူဆောင်သွားမည်။ တာဝန်ရှိသူသည် ဆိတ်သငယ်ကို တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။ Common Language Bible ဤနည်းအားဖြင့်ဆိတ်သည်လူသူကင်းမဲ့သော အရပ်သို့ လူ၏ဒုစရိုက်အပြစ်ရှိသမျှတို့ ကိုသယ်ဆောင်သွားလိမ့်မည်။ Garrad Bible တော တွင် အ လွတ် ထား ရ သော ဆိတ် သည် သူ တို့ ဒု စ ရိုက် ရှိ သ မျှ ကို ကွာ ခြား ရာ အ ရပ် သို့ ဆောင် သွား ရ မည်။ Judson Bible သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။ |
ငါတို့၏အပြစ်နှင့်အညီ ငါတို့အား ပြုတော်မမူ။ ငါတို့၏ဒုစရိုက်နှင့်အညီ ငါတို့အား တုံ့ပြန်တော်မမူ။
အရှေ့အရပ်သည် အနောက်အရပ်နှင့်ဝေးကွာသည့်အတိုင်း ကိုယ်တော်သည် ငါတို့ကျူးလွန်သောအပြစ်များကို ငါတို့နှင့်ဝေးကွာစေတော်မူ၏။
သူကျူးလွန်ခဲ့သောအပြစ်များကို မှတ်ထားမည်မဟုတ်။ ဖြောင့်မတ်စွာပြုကျင့်သောကြောင့် သူသည် အသက်ချမ်းသာရာရမည်။
ထို့နောက် သင်သည် လက်ဝဲဘက်သို့စောင်းအိပ်ပြီး အစ္စရေးအမျိုးအနွယ်၏အပြစ်ကို ခံယူလော့။ သင်စောင်းအိပ်သည့်နေ့ရက်ပေါင်းသည် သူတို့၏အပြစ်ကို သင်ခံယူသောနေ့ရက်ဖြစ်၏။
အနာကြီးရောဂါမှစင်ကြယ်စေခြင်းခံသောသူအား ခုနစ်ကြိမ်ဖျန်းရမည်။ ထို့နောက်မှ သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ငှက်အရှင်ကိုကား ကွင်းပြင်သို့ လွှတ်လိုက်ရမည်။
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
ထို့နောက် အာရုန်သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်ပြီးလျှင် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်စဉ်က ဝတ်ခဲ့သည့်ပိတ်ချောအဝတ်တန်ဆာကိုချွတ်၍ ထိုနေရာ၌ ထားခဲ့ရမည်။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို သနားစုံမက်တော်မူ၍ အကျွန်ုပ်တို့၏ဒုစရိုက်များကို နင်းချေတော်မူမည်။ အပြစ်ရှိသမျှကိုလည်း ပင်လယ်ရေနက်ရာထဲသို့ ပစ်ချတော်မူမည်။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။