အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
ဝတ်ပြု 16:2 - မြန်မာ့စံမီသမ္မာကျမ်း “ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။ Common Language Bible ``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။- Garrad Bible အ ပြစ် ဖြေ ရာ ပ လ္လင် တော် ထက် တိမ် တိုက် တွင် ငါ ပေါ် လာ မည် ဖြစ်၍ သေ တ္တာ တော် ပေါ် ရှိ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ရှေ့ ကန့် လန့် ကာ အ တွင်း သန့် ရှင်း ရာ ဌာ န တွင်း သို့ သေ ဘေး ကင်း လွတ် ရန် အ ခါ ခပ် သိမ်း ဝင် ရောက် ခွင့် မ ရှိ ကြောင်း အစ် ကို အာ ရုန် အား ဆင့် ဆို လော့။ Judson Bible သင်၏အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့်ရှင်းရာဌာနတော်အထဲ၊ သေတ္တာအပေါ်မှာတင်သောအဖုံးကို ကွယ်ကာသော ကုလားကာအတွင်းသို့ အခါခပ်သိမ်းမဝင်စေခြင်းငှာ ဆင့်ဆိုလော့။ ငါသည် သေတ္တာဖုံးအပေါ်၊ မိုးတိမ်၌ထင်ရှားမည်။ |
အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာပြီး အိမ်တော်အတွင်းခန်း အသန့်ရှင်းဆုံးဌာနတော်ရှိ ခေရုဗိမ်တို့၏အတောင်တော်အောက်တွင် နေရာချထား၏။
ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ဘုရားသခင်၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိ၏။
အာရုန်သည် အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်၏သွေးဖြင့် ယဇ်ပလ္လင်၏ချိုပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို တစ်နှစ်တစ်ကြိမ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် တစ်နှစ်တစ်ကြိမ်ပြုရမည်။ ယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏”ဟု မိန့်တော်မူ၏။
သူမသေရမည့်အကြောင်း သက်သေခံချက်ပေါ်ရှိ ကရုဏာတော်ပလ္လင်ကို နံ့သာပေါင်း၏မီးခိုးငွေ့ဖြင့် ဖုံးလွှမ်းစေရန် နံ့သာပေါင်းကို ထာဝရဘုရားရှေ့တော်ရှိ မီးပေါ်၌ တင်ထားရမည်။
ဤသည်ကား တစ်နှစ်လျှင်တစ်ကြိမ် အစ္စရေးအမျိုးသားတို့၏အပြစ်ရှိသမျှအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။ အာရုန်သည်လည်း မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုလေ၏။
“သတ္တမလ၊ ဆယ်ရက်နေ့သည် အပြစ်ဖြေလွှတ်ခြင်းနေ့ဖြစ်၏။ သင်တို့အတွက် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။
သင်တို့ မသေရမည့်အကြောင်း ခုနစ်ရက်ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌နေ၍ ထာဝရဘုရားညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရမည်ဟု ငါ့အား ထိုသို့မိန့်မှာတော်မူခဲ့၏”ဟု ဆိုလေ၏။
ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
သူတို့သည် အထူးသန့်ရှင်းသောအရာတို့အနီးသို့ချဉ်းကပ်သောအခါ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း အာရုန်နှင့်သူ၏သားတို့သည် ထိုသူတို့အသီးသီး လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့ကို လာ၍ချမှတ်ပေးရမည်။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
ထိုမျှော်လင့်ခြင်းသည် ငါတို့၏စိတ်ဝိညာဉ်အတွက် ခိုင်ခံ့မြဲမြံသောကျောက်ဆူးကဲ့သို့ ငါတို့၌ရှိ၍ ဗိမာန်တော်ကန့်လန့်ကာအတွင်းဘက်သို့ဝင်ရောက်၏။
ယဇ်ပုရောဟိတ်မင်းသည် ကိုယ့်သွေးမဟုတ်သောသွေးဖြင့် နှစ်စဉ်နှစ်တိုင်း သန့်ရှင်းရာဌာနထဲသို့ဝင်သကဲ့သို့ ကိုယ်တော်သည် မိမိကိုယ်ကိုအကြိမ်ကြိမ်ပူဇော်ရန်မလိုပေ။
ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။
ထိုသေတ္တာပေါ်တွင် ဘုန်းအသရေနှင့်ပြည့်စုံသောခေရုဗိမ်တို့သည် အသနားခံရာပလ္လင်ကို အုပ်မိုးထားကြ၏။ ဤအရာများအကြောင်းကို ယခုအသေးစိတ်ပြောပြ၍ မရနိုင်ပေ။
ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။