ဝတ်ပြု 16:34 - မြန်မာ့စံမီသမ္မာကျမ်း34 ဤသည်ကား တစ်နှစ်လျှင်တစ်ကြိမ် အစ္စရေးအမျိုးသားတို့၏အပြစ်ရှိသမျှအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။ အာရုန်သည်လည်း မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible34 သင်တို့သည်ဤပညတ်ချက်များကိုထာဝ စဉ်စောင့်ထိန်းရကြမည်။ ဣသရေလအမျိုး သားတို့ပြုမိသမျှသောအပြစ်မှပြေစေ အံ့သောငှာ ဤဝတ်ကိုတစ်နှစ်လျှင်တစ်ကြိမ် ပြုရမည်။ သို့ဖြစ်ပါ၍မောရှေ သည်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဆောင်ရွက်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible34 ဣ သ ရေ လ အ မျိုး သား တို့၏ အ ပြစ် အ မျိုး မျိုး အ တွက် တစ် နှစ် လျှင် တစ် ကြိမ်၊ ဖြေ ခြင်း ကို ပြု ရ သော အ မှု ကား၊ သင် တို့ အ ဖို့ အ မြဲ ထုံး ဖွဲ့ ချက် ဖြစ် သ တည်း ဟု မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း အာ ရုန် ပြု လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible34 ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့၏ အပြစ်ရှိသမျှတို့ကြောင့် တစ်နှစ်တစ်ခါ အပြစ်ဖြေခြင်းကိုပြုမည်အကြောင်း၊ သင်တို့သည် အစဉ်စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။ အခန်းကိုကြည့်ပါ။ |
အာရုန်သည် အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်၏သွေးဖြင့် ယဇ်ပလ္လင်၏ချိုပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို တစ်နှစ်တစ်ကြိမ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် တစ်နှစ်တစ်ကြိမ်ပြုရမည်။ ယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏”ဟု မိန့်တော်မူ၏။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။