“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မိန်းမသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလျှင် သူသည် ဓမ္မတာလာသောအခါ မစင်ကြယ်သကဲ့သို့ ခုနစ်ရက်ပတ်လုံး မစင်ကြယ်။
မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးသည် တမန်တို့ကိုစေလွှတ်၍ ခေါ်စေသဖြင့် ထိုမိန်းမရောက်လာလျှင် ဒါဝိဒ်မင်းကြီးသည် သူနှင့်အိပ်လေ၏။ (ဗာသရှေဘသည် မစင်ကြယ်ခြင်းမှ သန့်စင်ပြီးချိန်ဖြစ်၏။) ထို့နောက် သူသည် အိမ်သို့ ပြန်သွား၏။
မစင်ကြယ်သောအရာထဲမှ စင်ကြယ်သောအရာကို အဘယ်သူ ပေါ်ထွက်စေနိုင်သနည်း။ အဘယ်သူမျှမရှိပါ။
လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ မိန်းမမှမွေးသောလူသည် မည်သို့သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။
အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား
သမီးမိန်းကလေးကိုမွေးဖွားလျှင် သူသည် ဓမ္မတာလာသကဲ့သို့ တစ်ဆယ့်လေးရက်ပတ်လုံး မစင်ကြယ်။ သွေးသန့်စင်ဖို့ ရက်ပေါင်းခြောက်ဆယ့်ခြောက်ရက် စောင့်ရမည်။
မိန်းမသည် ဓမ္မတာသွေးဆင်းလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ သူ့ကိုထိသောသူတိုင်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
ဓမ္မတာလာချိန် မစင်ကြယ်သောမိန်းမအား ဆက်ဆံခြင်းကိုပြုရန် မချဉ်းကပ်ရ။
သူသည် လူ၏အညစ်အကြေးဖြစ်သည့် လူကိုမစင်ကြယ်စေသော အညစ်အကြေးတစ်စုံတစ်ရာအား ထိမိသည်ကို သတိမမူမိဘဲနေ၍ နောက်မှထိမိသည်ကို သိလာလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်မည်။
ထို့နောက် မောရှေ၏ပညတ်တရားကျမ်းအတိုင်း မိမိတို့အတွက် စင်ကြယ်ခြင်းဝတ်ကိုပြုရမည့်နေ့ရက်များစေ့သောအခါ မိဘတို့သည် သူငယ်ကို ထာဝရဘုရားထံဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားကြ၏။