သို့သော် ကိုယ်တော်သည်လှည့်၍ သူတို့ကိုဆုံးမတော်မူ၏။
ကိုယ်တော်သည်လှည့်၍သူတို့အားဆုံးမတော် မူ၏။-
ကိုယ် တော် သည် လှည့်၍ ဆုံး မ တော် မူ ပြီး လျှင် အ ခြား ရွာ သို့ သွား ကြ၏။
ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှာ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှာ ကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊-
သို့သော် ယေရှုသည် လှည့်၍ သူတို့ကို ဆုံးမတော်မူ၏။
ဒါဝိဒ်မင်းကြီးက “ဇေရုယာ၏သားတို့၊ ယနေ့ ငါနှင့် ဘက်ပြိုင်မည့်အကြောင်း သင်တို့နှင့် ငါ အဘယ်သို့ဆိုင်သနည်း။ ယနေ့ အစ္စရေးလူတစ်ဦးဦးကို သတ်ရမှဖြစ်မည်လော။ စင်စစ် ယနေ့ ငါသည် အစ္စရေးလူမျိုးတို့၏ဘုရင်ဖြစ်သည်ကို ငါမသိဘဲနေမည်လော”ဟု မိန့်တော်မူ၏။
ယောဘက သူ့ဇနီးအား “သင်သည် မိန်းမမိုက်တစ်ယောက် ပြောတတ်သကဲ့သို့ ပြောပါသည်တကား။ ဘုရားသခင်ထံမှ အကောင်းကိုလက်ခံ၍ အဆိုးကို လက်မခံဘဲနေရမည်လော”ဟု ပြန်ပြော၏။ ယောဘသည် ဤသို့ကြုံတွေ့ရသော်လည်း မိမိနှုတ်ဖြင့်မျှ မပြစ်မှားဘဲနေ၏။
သင်မည်သူ့ကို စကားပြောနေသနည်း။ သင်ပြောသောစကား မည်သူ့ထံမှလာသနည်း။
ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
ပြက်ရယ်ပြုတတ်သောသူကို မဆုံးမနှင့်။ ဆုံးမလျှင် သူသည် သင့်ကိုမုန်းလိမ့်မည်။ ပညာရှိသောသူကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကိုချစ်လိမ့်မည်။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား“အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် မှားယွင်းစရာအကြောင်းဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏”ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရုက “ကိုယ်တော်ကြောင့် အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စိတ်ပျက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။
ထိုစဉ် ယေရှုနှင့်အတူရှိသောသူတို့ထဲမှ တစ်ဦးသည် လက်ကိုဆန့်၍ မိမိ၏ဓားကိုဆွဲထုတ်ကာ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။
တပည့်တော်ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်ကိုမြင်လျှင် “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးကောင်းကင်မှ မီးကျလာစေ၍ သူတို့ကိုလောင်ကျွမ်းစေရန် ကိုယ်တော်အလိုရှိပါသလော”ဟု မေးလျှောက်ကြ၏။
ထို့နောက် သူတို့သည် အခြားသောရွာသို့သွားကြ၏။
သူတို့သည် ငါ့ကိုမယုံကြည်ကြသောကြောင့် အပြစ်အကြောင်းကိုလည်းကောင်း၊
နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်ပေ။
သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။