Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ထိုအခါ ပေတရု​က “ကိုယ်တော်​ကြောင့် အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​သော်​လည်း​အ​ကျွန်ုပ် သည်​အ​ဘယ်​အ​ခါ​မျှ​စွန့်​ပစ်​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ထို ကာ လ ပေ တ ရု က ရှိ သ မျှ တို့ သည် ကိုယ် တော် ကြောင့် တိုက် လဲ ကြ သော် လည်း တ ပည့် တော် တိုက် လဲ မည် မ ဟုတ် ပါ ဟု ပြန် လျှောက် သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် စိတ်​ပျက်​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် စိတ်​အ​လျှင်း​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ထိုအခါ ပေတရု​က “အခြားသူ​အပေါင်းတို့​သည် သခင့်​ကို စွန့်ခွာကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါမျှ စွန့်ခွာမည်​မဟုတ်ပါ” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် စိတ်​ပျက်​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် စိတ်​အ​လျှင်း​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:33
15 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​၏​ခြေလှမ်း​များ​သည် ကိုယ်တော်​၏​လမ်း​တော်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ခြေ​ချော်​ခြင်း​မ​ရှိ​ပါ​။


များစွာ​သော​လူ​တို့​သည် မိမိ​တို့​၏​မေတ္တာကရုဏာ​ကို ထုတ်ဖော်​ပြောဆို​တတ်​ကြ​၏​။ သို့သော် သစ္စာရှိ​သော​သူ​ကို မည်သူ​ရှာတွေ့​နိုင်​သနည်း​။


စိတ်နှလုံး​သည် အရာ​အားလုံး​ထက် စဉ်းလဲ​၏​။ ကုသ​၍​မ​ရ​သော​ရောဂါ​ဖြစ်​၏​။ စိတ်နှလုံး​သဘော​ကို မည်သူ​နားလည်​နိုင်​သနည်း​။


သို့သော် ငါ​သည် ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​သို့ သင်​တို့​ထက် အလျင်​ဦးစွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်မူ​၏။


ယေရှု​က​လည်း“သင့်​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင် ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ပေတရု​က “အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။


ထိုအခါ ပေတရု​က “သခင်၊ အကျွန်ုပ်​သည် ထောင်​ထဲသို့​ဖြစ်စေ၊ သေ​ခြင်း​အထိ​ဖြစ်စေ ကိုယ်တော်​နှင့်အတူ​လိုက်​ရန် အသင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။


ထိုသို့ နံနက်စာ​ကို သူ​တို့​စား​ကြ​ပြီး​သောအခါ ယေရှု​က ရှိမုန်​ပေတရု​အား“ယောဟန်​၏​သား​ရှိမုန်၊ ဤ​သူ​တို့​ငါ့​ကို​ချစ်​သည်​ထက် သင်​သည် ငါ့​ကို​ပို၍​ချစ်​သလော”​ဟု မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုးသငယ်​တို့​ကို ကျွေးမွေး​လော့”​ဟု မိန့်​တော်မူ​၏။


ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​အားဖြင့် အချင်းချင်း​ချစ်ခင်​ကြင်နာ​ကြ​၍ ရိုသေသမှုပြုခြင်း​၌ သူတစ်ပါး​သည် မိမိ​ထက်​သာလွန်​သည်​ဟု မှတ်ယူ​ကြ​လော့။


မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ