ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
လုကာ 7:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာစေ၍ မျက်မမြင်တို့ကို မျက်စိမြင်ရသောအခွင့်ပေးတော်မူ၏။ Common Language Bible ထိုအခါ၌ကိုယ်တော်သည်လူတို့၏ရောဂါ ဝေဒနာများကိုပျောက်ကင်းစေတော်မူ၏။ နတ် မိစ္ဆာများကိုနှင်ထုတ်၍မျက်မမြင်များကို မျက်စိမြင်စေတော်မူ၏။- Garrad Bible ထို အ ချိန် နာ ရီ၌ အ နာ ရော ဂါ အ မျိုး မျိုး စွဲ ကပ် သူ နတ် ဆိုး ပူး သူ အ များ တို့ ကို ကျန်း မာ စေ သည့် ပြင် မျက် မ မြင် အ များ ကို လည်း မြင် ခွင့် သ နား တော် မူ ပြီး လျှင်၊ Judson Bible ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသော သူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှာ ကျေးဇူးပြုတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ယေရှုသည် အနာရောဂါဝေဒနာသည်များနှင့် နတ်ဆိုးပူးသူများအား ကျန်းမာစေလျက် မျက်မမြင်များကိုလည်း ပြန်မြင်စေတော်မူ၏။ မြန်မာ ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသော သူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှာ ကျေးဇူးပြုတော်မူ၏။- |
ပြည်တော်တွင် ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါဘေး ကျရောက်သောအခါ၊ လောင်မီးပိုး၊ မှိုရောဂါ၊ ကျိုင်းကောင်၊ နှံကောင်တို့ကျသောအခါ၊ ပြည်တော်၏မြို့တံခါးတို့တွင် ရန်သူတို့ဝိုင်းလာသောအခါ၊ ဘေးဒဏ်တစ်စုံတစ်ရာ၊ အနာရောဂါတစ်စုံတစ်ရာ ဖြစ်သောအခါ
အိမ်ကိုသရွတ်ကိုင်ပြီးနောက် ယဇ်ပုရောဟိတ်သည် လာ၍ကြည့်ရှုစစ်ဆေးသောအခါ အနာသည် အိမ်ထဲ၌ ပျံ့သွားခြင်းမရှိလျှင် အနာပျောက်ကင်းပြီဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည် ထိုအိမ်အား စင်ကြယ်သည်ဟု ကြေညာရမည်။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် လူများစွာတို့ကိုကျန်းမာစေခဲ့သည်ဖြစ်၍ ရောဂါဝေဒနာရှိသူအားလုံးတို့သည် ကိုယ်တော်ကိုတို့ထိနိုင်ရန် တိုးဝှေ့ကြ၏။
ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားသဖြင့် သူသည် ရောဂါဝေဒနာပျောက်ကင်းသွားကြောင်း မိမိကိုယ်ခန္ဓာ၌ ခံစားသိရှိရ၏။
ကိုယ်တော်ကလည်း“သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွား၍ သင်၏ရောဂါဝေဒနာနှင့်ကင်းလွတ်လော့”ဟု မိန့်တော်မူ၏။
သူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ “ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်၍ ‘ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော’ဟု မေးလျှောက်စေပါသည်”ဟူ၍ လျှောက်ထားကြ၏။
အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။