Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 7:21 - မြန်မာ

21 ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထို​အ​ခါ​၌​ကိုယ်​တော်​သည်​လူ​တို့​၏​ရော​ဂါ ဝေ​ဒ​နာ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။ နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍​မျက်​မ​မြင်​များ​ကို မျက်​စိ​မြင်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထို အ ချိန် နာ ရီ၌ အ နာ ရော ဂါ အ မျိုး မျိုး စွဲ ကပ် သူ နတ် ဆိုး ပူး သူ အ များ တို့ ကို ကျန်း မာ စေ သည့် ပြင် မျက် မ မြင် အ များ ကို လည်း မြင် ခွင့် သ နား တော် မူ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထို​အချိန်​တွင် ကိုယ်တော်​သည် လူ​များစွာ​တို့​ကို ရောဂါ​ဝေဒနာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​စေ​၍ မျက်မမြင်​တို့​ကို မျက်စိ​မြင်​ရ​သော​အခွင့်​ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထို​အချိန်​တွင် ယေရှု​သည် အနာရောဂါ​ဝေဒနာသည်များ​နှင့် နတ်ဆိုးပူးသူများ​အား ကျန်းမာစေ​လျက် မျက်မမြင်များ​ကိုလည်း ပြန်မြင်စေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:21
12 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။-


ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။


ထို​ခ​ဏ​ချင်း​တွင် အ​သွေး​စု​ဝေး​ရာ ခန်းခြောက်​သည်​ဖြစ်၍၊ ထို​ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​ပြီ​ဟု မိ​မိ​ကိုယ်၌​သိ​လေ၏။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။


ထို​သူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ​မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ​ခြင်း​ငှာ၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​ပါ​ပြီ​ဟု လျှောက်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ