လုကာ 7:21 - Common Language Bible21 ထိုအခါ၌ကိုယ်တော်သည်လူတို့၏ရောဂါ ဝေဒနာများကိုပျောက်ကင်းစေတော်မူ၏။ နတ် မိစ္ဆာများကိုနှင်ထုတ်၍မျက်မမြင်များကို မျက်စိမြင်စေတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ထို အ ချိန် နာ ရီ၌ အ နာ ရော ဂါ အ မျိုး မျိုး စွဲ ကပ် သူ နတ် ဆိုး ပူး သူ အ များ တို့ ကို ကျန်း မာ စေ သည့် ပြင် မျက် မ မြင် အ များ ကို လည်း မြင် ခွင့် သ နား တော် မူ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible21 ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသော သူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှာ ကျေးဇူးပြုတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထိုအချိန်တွင် ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာစေ၍ မျက်မမြင်တို့ကို မျက်စိမြင်ရသောအခွင့်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း21 ထိုအချိန်တွင် ယေရှုသည် အနာရောဂါဝေဒနာသည်များနှင့် နတ်ဆိုးပူးသူများအား ကျန်းမာစေလျက် မျက်မမြင်များကိုလည်း ပြန်မြင်စေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ21 ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသော သူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှာ ကျေးဇူးပြုတော်မူ၏။- အခန်းကိုကြည့်ပါ။ |
``ပြည်တော်တွင် အစာငတ်မွတ်ခေါင်းပါးသော အခါ၌သော်လည်းကောင်း၊ အနာရောဂါဘေး ဆိုက်သောအခါ၌သော်လည်းကောင်း၊ ကောက်ပဲ သီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့ မဟုတ်ကျိုင်းကောင်အုပ်ကျခြင်းတို့ကြောင့် ပျက်စီး၍သွားသောအခါ၌သော်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့တိုက် ခိုက်ကြသောအခါ၌သော်လည်းကောင်း၊ သူတို့ တွင်ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခု ရောက်သောအခါ၌သော်လည်းကောင်း၊-
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
ထိုသူနှစ်ယောက်တို့သည်ကိုယ်တော်၏ထံသို့လာ ကြပြီးနောက် ``ကိုယ်တော်သည်ကြွလာတော်မူ မည်ဟုဆိုသောအရှင်ပေလော။ သို့တည်းမဟုတ် အခြားပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည် လော။ ဤသို့မေးလျှောက်ရန်ဗတ္တိဇံဆရာယောဟန် ကအကျွန်ုပ်တို့ကိုစေလွှတ်လိုက်ပါသည်'' ဟု လျှောက်ထားကြ၏။