အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
လုကာ 6:49 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကြား၍ မကျင့်သုံးသောသူမူကား အုတ်မြစ်မချဘဲ မြေပေါ်၌အိမ်ဆောက်သောသူနှင့်တူ၏။ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သောအခါ ချက်ချင်းပြိုလဲသွားလေ၏။ ထိုအိမ်၏ပျက်စီးမှုသည်လည်း ကြီးမားလှပေ၏”ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်ငါ့တရားစကားကိုကြားနာပြီး နောက်မလိုက်လျှောက်သောသူမူကားအုတ်မြစ် မချဘဲမြေပေါ်မှာအိမ်ကိုတည်ဆောက်သူ နှင့်တူ၏။ မြစ်ရေလျှံ၍ထိုအိမ်ကိုတိုက်ခတ် လျှင်ချက်ချင်းပြိုလဲသွား၏။ ထိုအိမ်၏ အပျက်အစီးကားကြီးလှစွာတကား'' ဟု မိန့်တော်မူ၏။ Garrad Bible ကြား လျက် မ လိုက် မ နာ သော သူ မူ ကား အ မြစ် မ ချ ဘဲ မြေ မျက် နှာ ပြင် ပေါ် တွင် အိမ် ဆောက် သော သူ နှင့် တူ၏။ ရေ တက်၍ တိုက် ခတ် သော် ရုတ် ခြင်း ပြို လဲ ပေါက် ကွဲ ဆုံး ပါး လေ စွ တ ကား ဟု မိန့် တော် မူ၏။ Judson Bible ငါ့စကားကိုကြား၍ နားမထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ချင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ငါ့တရားစကားကို ကြား၍ လက်တွေ့မကျင့်သုံးသောသူသည် အုတ်မြစ်မချဘဲ မြေကြီးပေါ်တွင် အိမ်ဆောက်သောသူနှင့် တူ၏။ ရေကြီး၍ မြစ်ရေသည် ထိုအိမ်ကို ရိုက်ခတ်သောအခါ ချက်ချင်းပြိုကျသွား၏။ ထိုအိမ်၏ပျက်စီးမူသည်လည်း ကြီးမားလေ၏” ဟူ၍ ဖြစ်၏။ မြန်မာ ငါ့စကားကိုကြား၍ နားမထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ချင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ၏။ |
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ပြည့်တန်ဆာလုပ်သောသင်တို့၏သမီးများ၊ အိမ်ထောင်ရေးဖောက်ပြန်ကြသောသင်တို့၏ချွေးမများကို ငါဒဏ်မခတ်။ အကြောင်းမှာ ယောက်ျားများကိုယ်တိုင် ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်ကြ၏။ ဗိမာန်ပြည့်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်ကြ၏။ ထို့ကြောင့် အသိဉာဏ်မရှိသောသူတိုင်း ပျက်စီးရလိမ့်မည်။
ထို့ကြောင့် သင်တို့အား သူတို့ပြောသမျှသောအရာအားလုံးကို ကျင့်သုံး၍ စောင့်ထိန်းကြလော့။ သို့သော် သူတို့ပြုသည့်အတိုင်း မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် ပြောသော်လည်း မကျင့်သုံးကြ။
ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။
သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားကြ၏။
မိမိသခင်၏အလိုကိုသိလျက်ပင် ပြင်ဆင်ထားခြင်းမရှိ၊ သို့မဟုတ် သခင်၏အလိုအတိုင်းလုပ်ဆောင်ခြင်းမရှိသော အစေအပါးသည် များစွာရိုက်နှက်ခြင်းခံရလိမ့်မည်။
သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းသဖြင့် သူ့နောက်မှ သံတမန်ကိုစေလွှတ်၍ ‘အကျွန်ုပ်တို့အပေါ် ဤသူအုပ်ချုပ်မည်ကို အကျွန်ုပ်တို့အလိုမရှိပါ’ဟု လျှောက်ထားစေကြ၏။
ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သင်တို့သည် ငါ့ကို ‘သခင်၊ သခင်’ဟု ခေါ်ကြပြီး အဘယ်ကြောင့် ငါပြောသောအရာကိုမကျင့်သုံးဘဲနေကြသနည်း။
သူသည် မြေကိုနက်စွာတူးပြီးလျှင် ကျောက်ပေါ်၌ အုတ်မြစ်ချ၍ အိမ်ဆောက်သောသူနှင့်တူ၏။ ရေလွှမ်းမိုး၍ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သော်လည်း ခိုင်ခံ့စွာတည်ဆောက်ထားသောကြောင့် ထိုအိမ်ကိုမလှုပ်ရှားစေနိုင်။
ကိုယ်တော်သည် ဤတရားစကားအားလုံးကို လူတို့အားဟောကြားပြီးနောက် ကပေရနောင်မြို့သို့ဝင်တော်မူ၏။
ငါ၌အသီးမသီးသောအကိုင်းအခက်ရှိသမျှကို ခမည်းတော်သည် ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍အသီးသီးစေရန် ကိုင်းဖြတ်ပြုပြင်တော်မူ၏။
ငါထွက်ခွာသွားသည့်နောက် ကြမ်းကြုတ်သောဝံပုလွေများသည် သင်တို့အထဲသို့ဝင်လာ၍ သိုးစုကို ညှာတာလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
ဝတ်ပြုစည်းဝေးကျောင်းတိုင်းတွင်လည်း သူတို့ကို မကြာခဏပြစ်ဒဏ်ပေးလျက် ဘုရားသခင်ကိုစော်ကားပြောဆိုကြရန် အတင်းအကျပ်စေခိုင်းခဲ့ပါသည်။ ထိုမျှမက သူတို့အပေါ် အလွန်ဒေါသထွက်၍ တိုင်းတစ်ပါးမြို့များသို့တိုင်အောင် သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
ငါတို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်ကိုသိခြင်းအားဖြင့် လောကီညစ်ညူးခြင်းမှ လွတ်မြောက်ကြပြီးနောက် ထိုအရာများနှင့် တစ်ဖန်ပတ်သက်ငြိတွယ်လျက် အနိုင်ယူစိုးမိုးခြင်းကိုခံရလျှင် သူတို့၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။