၂ ပေ 2:20 - မြန်မာ့စံမီသမ္မာကျမ်း20 ငါတို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်ကိုသိခြင်းအားဖြင့် လောကီညစ်ညူးခြင်းမှ လွတ်မြောက်ကြပြီးနောက် ထိုအရာများနှင့် တစ်ဖန်ပတ်သက်ငြိတွယ်လျက် အနိုင်ယူစိုးမိုးခြင်းကိုခံရလျှင် သူတို့၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 အကယ်၍လူတို့သည်ငါတို့အရှင်သခင် နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ် ကိုသိကျွမ်းရခြင်းအားဖြင့် လောကီညစ်ညမ်း မှုများမှလွတ်မြောက်ကြပြီးနောက်တစ်ဖန် ပြန်၍ ထိုညစ်ညမ်းမှုများ၏ကျွန်ဖြစ်ပါမူ ထိုသူတို့၏နောက်ဆုံးအခြေအနေသည် လက်ဦးအခြေအနေထက်ဆိုးရွားလေ တော့သည်။- အခန်းကိုကြည့်ပါ။Garrad Bible20 ထို သူ တို့ သည် ကယ် တင် သော ယေ ရှု ခ ရစ် အ ရှင် ဘု ရား နှင့် အ ကျွမ်း ဝင် ခွင့် ကြောင့် ဤ လော က ဆိုင် ရာ တ ဏှာ များ နှင့် ကင်း လွတ် သည့် နောက် တစ် ဖန် ငြိ တွယ် လျက် အောင် မြင် ခံ ရ ပြီး ဖြစ်၍ နောက် အ ဖြစ် အ နေ သည် အ ရင် ထက် ဆိုး လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible20 ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တစ်ဖန် ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်းကြောင့် လောကီညစ်ညမ်းမှုမှ လွတ်ကင်းပြီးနောက် ထိုအရာနှင့် ပြန်လည်ပတ်သက်မိသဖြင့် အနိုင်ယူစိုးမိုးခံရလျှင် ထိုသူတို့၏ အခြေအနေသည် အစကထက် အဆုံးတွင် ပိုမိုဆိုးရွား၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။