အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
လုကာ 16:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကိုဖြုန်းတီးနေကြောင်း တိုင်ကြားသူရှိသဖြင့် Common Language Bible တစ်ဖန်ကိုယ်တော်ကတပည့်တော်တို့အား ``အ ခါတစ်ပါး၌သူဌေးတစ်ယောက်မှာမန်နေဂျာ တစ်ဦးရှိ၏။ ထိုသူသည်သူဌေး၏ဥစ္စာပစ္စည်း များကိုဖြုန်းတီးလျက်နေကြောင်းကို လူတို့က သူဌေးအားတိုင်တန်းကြ၏။- Garrad Bible တ ပည့် တော် တို့ အား လည်း ကိုယ် တော် က သူ ဌေး တစ် ဦး၌ ရှိ သော ဘ ဏ္ဍာ စိုး သည် သ ခင့် ဥ စ္စာ များ ကို အ လွဲ သုံး စား သည် ဟု စွဲ ဆို ချက် ရှိ သော ကြောင့်၊ Judson Bible တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတစ်ယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတစ်ပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် တပည့်တော်တို့အား “တစ်ခါက သူဌေးတစ်ဦးတွင် စီမံခန့်ခွဲသူတစ်ဦးရှိ၏။ ထိုသူသည် သူဌေး၏ဥစ္စာပစ္စည်းများကို ဖြုန်းတီးလျက် နေကြောင်းကို အခြားသူများက သူဌေးအား တိုင်ကြားကြ၏။ မြန်မာ တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတစ်ယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတစ်ပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊- |
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
သူ့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုပေးသောသူမှာ ငါဖြစ်ကြောင်း၊ ဗာလဘုရားကိုပူဇော်သောရွှေငွေတို့ကို တိုးပွားစေသူမှာ ငါဖြစ်ကြောင်း သူမသိ။
ညနေချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်က သူ၏အိမ်မှုကိစ္စစီမံကွပ်ကဲသူအား ‘အလုပ်သမားများကိုခေါ်၍ နောက်ဆုံးလာသောသူတို့ကစပြီး ပထမဦးဆုံးလာသောသူတို့အထိ သူတို့၏လုပ်အားခကိုပေးလော့’ဟု ဆိုလေ၏။
သခင်ဘုရားကလည်း“မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။
သို့ရာတွင် အဖေ၏ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့်ဖြုန်းတီးခဲ့သည့် အဖေ၏ဤသားပြန်လာသောအခါ၌မူ သူ့အတွက် ဆူဖြိုးသောနွားသငယ်ကို သတ်ပေးသည်တကား’ဟု ဆို၏။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။
ထို့နောက် အခြားတစ်ဦးသည်လာ၍ ‘သခင်၊ ကြည့်ပါ။ ပဝါထဲ၌ အကျွန်ုပ်ထုပ်၍သိမ်းထားသော သခင်၏ငွေတစ်မိနာ့ရှိပါသည်။
နယ်စားဟေရုဒ်၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္နမှစ၍ ရှုရှန္နအပါအဝင် အခြားအမျိုးသမီးအမြောက်အမြားရှိကြ၏။ ဤအမျိုးသမီးတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ကို လုပ်ကျွေးပြုစုကြ၏။
အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ
တောင်းလျှောက်သော်လည်း မရကြသည်မှာ သင်တို့၏ကာမဂုဏ်ခံစားမှုအတွက်သုံးစွဲရန် လွဲမှားစွာ တောင်းလျှောက်ကြသောကြောင့်ဖြစ်၏။
သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။