သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။
လုကာ 15:21 - မြန်မာ့စံမီသမ္မာကျမ်း သားကလည်း ‘အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။ အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ’ဟု ဆို၏။ Common Language Bible သားဖြစ်သူက `အဖ၊ ကျွန်တော်သည်ဘုရားသခင် ကိုလည်းကောင်း၊ အဖကိုလည်းကောင်းပြစ်မှားမိ ပါပြီ။ သို့ဖြစ်၍အဖ၏သားဟူ၍ပင်အခေါ် မခံထိုက်တော့ပါ' ဟုဆို၏။- Garrad Bible ထို အ ခါ သား က အ ဘ၊ ကျွန် တော် သည် ကောင်း ကင် ရှင် ကို လည်း ကောင်း၊ အ ဘ ကိုလည်း ကောင်း၊ ပြစ် မှား မိ ပါ ပြီ။ သား ဟု အ ခေါ် ခံ ထိုက် တော့ သည် မ ဟုတ် ပါ ဟူ၍ လျှောက် သော်၊ Judson Bible သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သားဖြစ်သူက ဖခင်အား ‘အဖေ၊ ကျွန်ုပ်သည် ဘုရားသခင်နှင့် အဖေ့ကို ပြစ်မှားပါပြီ။ ကျွန်ုပ်သည် အဖေ့သားဟူ၍ပင် အခေါ်မခံထိုက်တော့ပါ’ ဟု ဆိုလေ၏။ မြန်မာ သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊- |
သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။
ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။
အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။
သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
ဤသို့ဖြင့် သင်တို့သည် ညီအစ်ကိုတို့ကိုပြစ်မှား၍ သူတို့၏အားနည်းသည့်အသိစိတ်ကို ထိခိုက်စေလျှင် ခရစ်တော်ကိုပြစ်မှားရာရောက်၏။