၁ ကော 8:12 - မြန်မာ့စံမီသမ္မာကျမ်း12 ဤသို့ဖြင့် သင်တို့သည် ညီအစ်ကိုတို့ကိုပြစ်မှား၍ သူတို့၏အားနည်းသည့်အသိစိတ်ကို ထိခိုက်စေလျှင် ခရစ်တော်ကိုပြစ်မှားရာရောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ဤသို့လျှင်သင်တို့သည်မိမိတို့ညီအစ်ကို များအားပြစ်မှား၍ သူတို့၏သြတ္တပ္ပစိတ်ကို လည်းထိခိုက်စေခြင်းအားဖြင့် ခရစ်တော်ကို လည်းပြစ်မှားရာရောက်သည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ထို သို့ ညီ အစ် ကို များ ကို ပြစ် မှား ၍ ၎င်း တို့၏ နုန့် နဲ့ သော သြ တ္တ ပ္ပ စိတ် ကို ထိ ခိုက် လျက် သင် တို့ သည် ခ ရစ် တော် ကို ပြစ် မှား ရာ ရောက် ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သင်တို့သည်၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကိုကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ထိုသို့ အခြားယုံကြည်သူများ၏ အသိစိတ်၌ မှားယွင်းသည်ဟု ခံယူထားသောအရာကို လုပ်ဆောင်ရန် အားပေးခြင်းမှာ သင်သည် ထိုသူတို့ကို သာမက ခရစ်တော်ကိုလည်း ပြစ်မှားခြင်းပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။
လူလူချင်းပြစ်မှားမိလျှင် ဘုရားသခင်သည် ထိုသူအတွက် ကြားဝင်ဖြေရှင်းပေးနိုင်၏။ သို့သော် လူသည် ထာဝရဘုရားကိုပြစ်မှားမိလျှင် မည်သူသည် သူ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည်နည်း”ဟု ဆိုဆုံးမသော်လည်း ဖခင်၏စကားကို နားမထောင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကိုကွပ်မျက်ရန်အလိုရှိတော်မူ၏။
တစ်ဖန် မောရှေက “ထာဝရဘုရားသည် နေဝင်ချိန်၌ သင်တို့စားစရာအသားကိုလည်းကောင်း၊ နံနက်အချိန်၌ လုံလောက်သောမုန့်ကိုလည်းကောင်း ပေးတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားထံ သင်တို့ညည်းညူ၍ မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် မည်သူဖြစ်၍နည်း။ သင်တို့မြည်တွန်တောက်တီးသောအသံသည် ငါတို့ကိုဆန့်ကျင်သည်မဟုတ်၊ ထာဝရဘုရားကိုဆန့်ကျင်နေခြင်းပင်ဖြစ်၏”ဟု ဆိုလေ၏။
ထို့နောက် အဘိမလက်မင်းကြီးသည် အာဗြဟံကိုဆင့်ခေါ်၍ “သင်သည် ငါတို့အား မည်သို့ပြုဘိသနည်း။ သင့်ကို ငါမည်သို့ပြစ်မှားမိသဖြင့် သင်သည် ငါ့အပေါ်၌လည်းကောင်း၊ ငါ့နိုင်ငံအပေါ်၌လည်းကောင်း ကြီးလေးသောအပြစ်ကို ကျရောက်စေသနည်း။ သင်သည် မပြုသင့်သောအမှုတို့ကို ငါ၌ပြုလေပြီတကား”ဟု သူ့အား မိန့်ဆို၏။