အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
လုကာ 15:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူသည် ထိုပြည်မှပြည်သားတစ်ဦးထံ သွားရောက်မှီခိုရာ ထိုသူသည် ဝက်တို့ကိုထိန်းကျောင်းရန် သူ့ကို မိမိလယ်သို့စေလွှတ်လေ၏။ Common Language Bible သို့ဖြစ်၍ထိုပြည်သားတစ်ယောက်ထံတွင်ခိုကိုး ရ၏။ ထိုသူကသူ့အားလယ်တောသို့စေလွှတ် ၍ဝက်များကိုကျောင်းစေ၏။- Garrad Bible သွား ရောက် ခို ကိုး ရ သော ပြည် သား တစ် ဦး သည် လယ် တော သို့ ဝက် ကျောင်း စေ ခိုင်း ရာ၊ Judson Bible ထိုအခါ ပြည်သားတစ်ယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှာ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပြည်သားတစ်ဦးထံသွားပြီး အလုပ်တောင်းသော် ထိုသူက စားကျက်ကွင်းသို့ စေလွှတ်၍ ဝက်များကို ထိန်းကျောင်းစေ၏။ မြန်မာ ထိုအခါ ပြည်သားတစ်ယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှာ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊- |
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
မတရားအကျိုးစီးပွားရှာသောအပြစ်ကြောင့် ငါသည် အမျက်ထွက်၍ သူ့ကိုရိုက်၏။ ငါသည် အမျက်ထွက်၍ မျက်နှာလွှဲသော်လည်း သူသည် မိမိစိတ်အလိုရှိရာလမ်းသို့ ဆက်သွား၍ လမ်းလွဲလျက်ရှိ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
ညီအစ်မတို့ကို ထောက်ခံသောသင်သည် အသရေပျက်ရလိမ့်မည်။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောကြောင့် သူတို့က သင့်ထက်ဖြောင့်မတ်သည်ဟုထင်ရ၏။ သင်သည် သင့်ညီအစ်မတို့ကို ဖြောင့်မတ်သည်ဟု ထင်စရာဖြစ်စေသောကြောင့် အရှက်ခွဲခြင်းကို ခံလော့။ အသရေပျက်ခြင်းကို ခံယူလော့’ဟု မိန့်တော်မူ၏။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
သင့်အပေါ်သို့ မစင်ကို ပစ်ချမည်။ သင့်ကို မထီမဲ့မြင်ပြုမည်။ သင့်ကို သူတစ်ပါးကြည့်စရာ ဖြစ်စေမည်။
“သင်တို့သည် ငါ့တရားလမ်းကိုမလိုက်၊ မျက်နှာရဖို့သာသွန်သင်တတ်ကြသောကြောင့် ငါသည် သင်တို့ကို လူအပေါင်းတို့ရှေ့တွင် မထီမဲ့မြင်ပြုစရာ၊ ရှုတ်ချစရာဖြစ်စေမည်။”
သန့်ရှင်းသောအရာကို ခွေးတို့အားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့ရှေ့၌မချထားကြနှင့်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့ခြေဖြင့်နင်းချေပြီးလျှင် လှည့်လာ၍ သင်တို့ကိုကိုက်ဖြတ်ကြမည်ကိုစိုးရိမ်ရ၏။
ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။
မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲပြီးသောအခါ ထိုပြည်အနှံ့တွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် သူသည် ဆင်းရဲနွမ်းပါးခြင်းသို့ရောက်လေ၏။
သူသည် ဝက်များစားနေသောပဲတောင့်များဖြင့် မိမိဝမ်းကိုဖြည့်ရန် တောင့်တခဲ့၏။ သို့သော် မည်သူကမျှ သူ့ကို စားစရာမပေးခဲ့ချေ။
သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းသို့ရောက်စေသည့်အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။