၂ ရာချုပ် 28:22 - မြန်မာ့စံမီသမ္မာကျမ်း22 အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ဤသို့အာခတ်မင်းသည်အခြေအနေ အဆိုးရွားဆုံးအချိန်၌ ထာဝရဘုရား အားယခင်ကထက်ပို၍ပြစ်မှားလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible22-23 ထို သို့ ကျဉ်း မြောင်း သော အ ခါ အာ ခတ် မင်း က၊ ရှု ရိ ဘု ရင် တို့ ဘု ရား များ သည် ထို မင်း တို့ ကို မ စ တော် မူ သည့် အ တွက်၊ ငါ လည်း မ စ ခံ ရ စေ ရန်၊ ၎င်း တို့ ထံ ယဇ် ပူ ဇော် မည် ဟု အောက် မေ့ လျက်၊ ကိုယ် ကို လုပ် ကြံ ခဲ့ သော ဒ မာ သက် မြို့ ဘု ရား များ အား ပူ ဇော် သည် နှင့်၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို သာ၍ ဖောက် ကျော် လေ ၏။ ထို ဘုရား တို့ ကား၊ ဘု ရင် မင်း မှ စ ၍ ဣ သ ရေ လ တစ် မျိုး လုံး ကို၊ ဖြို လှဲ ရန် အ ကြောင်း ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible22 အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသောအခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။