နာဟုံ 3:6 - မြန်မာ့စံမီသမ္မာကျမ်း6 သင့်အပေါ်သို့ မစင်ကို ပစ်ချမည်။ သင့်ကို မထီမဲ့မြင်ပြုမည်။ သင့်ကို သူတစ်ပါးကြည့်စရာ ဖြစ်စေမည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ငါသည်စက်ဆုပ်ရွံရှာမှုနှင့်သင့်ကိုဆက်ဆံ၍ အညစ်အကြေးများဖြင့်ဖုံးအုပ်မည်။ လူတို့သည်သင့်အားအော့နှလုံးနာလျက် ငေး၍ကြည့်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible6 ယုတ် မာ ရာ အံ့ အား သင့် ရာ ရောက် အောင် စက် ဆုပ် ဘွယ် ကို ပစ် ချ ခြင်း များ ကို ပြု မည့် အ လျောက် ရှု ကြည့် သူ အ ပေါင်း တို့ သည် ရှောင် ပြေး လျက် အခန်းကိုကြည့်ပါ။Judson Bible6 သင်၌ မစင်ကိုပစ်၍ ညစ်ညူးစေပြီးမှ၊ သူတစ်ပါးတို့ကြည့်စရာ ထားမည်။ အခန်းကိုကြည့်ပါ။ |
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့နာမကို မချီးမွမ်း၊ နှလုံးမသွင်းဘဲနေလျှင် သင်တို့အပေါ်သို့ ကျိန်ခြင်းကို ငါသက်ရောက်စေမည်။ သင်တို့၏ကောင်းချီးမင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ အကယ်စင်စစ် သင်တို့နှလုံးမသွင်းသောကြောင့် သင်တို့ကို ငါကျိန်ဆဲပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။