စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
လုကာ 13:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်စေသောနတ်ပူးသဖြင့် ခါးကုန်းလျက် လုံးဝတည့်မတ်စွာမရပ်နိုင်သောအမျိုးသမီးတစ်ဦးရှိ၏။ Garrad Bible တစ် ဆယ့် ရှစ် နှစ် တိုင် အား လျော့ စေ သော နတ် ပူး၍ ဖြောင့် ဖြောင့် မ ရပ် နိုင် ဘဲ ခါး ကုန်း သူ မိန်း မ တစ် ယောက် ရှိ သ ဖြင့်၊ Judson Bible တစ်ဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ ရောဂါနှိပ်စက်ခြင်းကိုခံရသော မိန်းမတစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ၌ ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုးကြောင့် မသန်စွမ်းဖြစ်နေသော အမျိုးသမီးတစ်ဦး ရှိလေ၏။ ထိုအမျိုးသမီးသည် ခါးကိုင်း၍ မိမိကိုယ်ခန္ဓာကို မတ်မတ်မဆန့်နိုင်ဘဲရှိ၏။ မြန်မာ တစ်ဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ ရောဂါနှိပ်စက်ခြင်းကိုခံရသော မိန်းမတစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။- |
စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
ထာဝရဘုရားသည် လဲကျသောသူရှိသမျှတို့ကို ထောက်မ၍ ကိုင်းညွတ်နိမ့်ကျနေသောသူအပေါင်းတို့ကို ထူမတော်မူ၏။
ထာဝရဘုရားသည် မျက်မမြင်တို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် ကိုင်းညွတ်နိမ့်ကျနေသောသူတို့ကို ထူမတော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
အကျွန်ုပ်သည် ခေါင်းကိုငုံ့လျက်၊ လုံးလုံးငိုက်စိုက်ချလျက်၊ တစ်နေ့လုံးဝမ်းနည်းပူဆွေးလျက် သွားလာရပါ၏။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ထပ်၍ချီးမွမ်းမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အားအင်ချည့်နဲ့နေသည်ဖြစ်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် ထိတ်လန့်လျက်ရှိကြသည်ဖြစ်၍ အကျွန်ုပ်ကိုကျန်းမာစေတော်မူပါ။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ကိုယ်တော်က သူငယ်၏ဖခင်အား“သူ၌ ဤသို့ဖြစ်ခဲ့သည်မှာ မည်မျှကြာပြီနည်း”ဟု မေးတော်မူရာ ဖခင်က “ငယ်စဉ်ကတည်းကဖြစ်ပါ၏။
ယေရှုသည် သူ့ကိုမြင်လျှင် အထံတော်သို့ခေါ်၍“အချင်းမိန်းမ၊ သင်သည် သင်၏နာမကျန်းဖြစ်ခြင်းမှ လွတ်မြောက်ပြီ”ဟု မိန့်တော်မူပြီးလျှင်
သို့ဖြစ်လျှင် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်ထားသည့် အာဗြဟံ၏သမီးဖြစ်သော ဤသူကို ဥပုသ်နေ့၌ ထိုချည်နှောင်ခြင်းမှ လွတ်စေသင့်သည်မဟုတ်လော”ဟု ပြန်၍မိန့်တော်မူ၏။
ဤအရာများစတင်ဖြစ်ပျက်လာသောအခါ သင်တို့ကို ရွေးနုတ်တော်မူသောအချိန်နီးကပ်လာပြီဖြစ်၍ တည့်မတ်စွာရပ်လျက် သင်တို့ခေါင်းကိုမော့ထားကြလော့”ဟု မိန့်တော်မူ၏။
သူတို့အပြင်အနာရောဂါများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သော အမျိုးသမီးအချို့ဖြစ်ကြသည့် နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဂဒလမြို့သူဟုခေါ်သည့်မာရိ၊
ကိုယ်တော်သည် ကမ်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးသဖြင့် ကာလအတန်ကြာ အဝတ်လည်းမဝတ်၊ အိမ်၌လည်းမနေဘဲ သင်္ချိုင်း၌နေတတ်သော ထိုမြို့မှလူတစ်ဦးသည် ကိုယ်တော်ကိုဆီးကြိုလေ၏။
ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်
ထိုစဉ် လူတို့သည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၏။ သူသည် ဗိမာန်တော်ထဲသို့ဝင်သောသူတို့ထံမှ ပေးကမ်းစွန့်ကြဲခြင်းကိုတောင်းခံရန်အတွက် လူတို့သည် သူ့ကို တင့်တယ်ဟုခေါ်သော ဗိမာန်တော်တံခါးအနီးတွင် နေ့တိုင်းချထားလေ့ရှိကြ၏။