Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 13:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို​နေရာ​၌ ဆယ့်ရှစ်နှစ်​ပတ်လုံး နတ်ဆိုး​ကြောင့် မသန်စွမ်း​ဖြစ်နေသော အမျိုးသမီး​တစ်ဦး ရှိလေ၏။ ထို​အမျိုးသမီး​သည် ခါးကိုင်း​၍ မိမိ​ကိုယ်ခန္ဓာ​ကို မတ်မတ်​မဆန့်နိုင်ဘဲ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 တစ် ဆယ့် ရှစ် နှစ် တိုင် အား လျော့ စေ သော နတ် ပူး၍ ဖြောင့် ဖြောင့် မ ရပ် နိုင် ဘဲ ခါး ကုန်း သူ မိန်း မ တစ် ယောက် ရှိ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

11 တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 13:11
20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် ကောင်းကင်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။


ယေရှု​က သူငယ်​၏ ဖခင်​အား “ဤသို့​ဖြစ်သည်​မှာ မည်မျှ​ကြာပြီနည်း” ဟု မေးတော်မူ​သော် ဖခင်​က “ငယ်ရွယ်​စဉ်​ကတည်းကပင် ဖြစ်ပါ၏။


ယေရှု​သည် သူ့​ကို မြင်တော်မူ​လျှင် မိမိ​ထံသို့ ခေါ်​၍ “အို အမျိုးသမီး… သင့်​ရောဂါ ပျောက်ပြီ” ဟု မိန့်​လျက်


သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်​ပတ်လုံး နတ်ဆိုး​၏​ချည်နှောင်ထားခြင်း​ခံရသည့် အာဗြဟံ​၏​မျိုးဆက်​ဖြစ်သော ဤ​အမျိုးသမီး​သည် ဥပုသ်နေ့​တွင် လွတ်ခွင့်​မရသင့်​သလော” ဟု မိန့်တော်မူ၏။


ဤ​အရာများ စတင်​ဖြစ်ပွားလာ​သောအခါ သင်တို့​၏​ဦးခေါင်း​ကို မော့​လျက် မျှော်ကြည့်​၍ ဝင့်ကြွားကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့​ကို ရွေးနုတ်​ခေါ်ဆောင်ချိန် နီးကပ်လာ​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။


နတ်ဆိုးပူးခြင်း​ဘေး​နှင့် အနာရောဂါ​ဘေးတို့​မှ သက်သာ​ပျောက်ကင်းသွားသော အမျိုးသမီး​တချို့​သည်လည်း လိုက်ကြ၏။ ထို​အမျိုးသမီးများ​အနက် နတ်ဆိုး​ခုနစ်ကောင်​ထွက်သွားသော မာဂဒလမြို့သူ​ဟု ခေါ်သည့်​မာရိ၊


ယေရှု​သည် ကမ်း​ပေါ်​သို့ ကြွတော်မူ​သောအခါ နတ်ဆိုးပူးသော​မြို့သား​တစ်ဦး​သည် ယေရှု​နှင့် တွေ့​ရန်​လာ၏။ ထို​သူ​သည် နှစ်ပေါင်း​များစွာ အိမ်​တွင်​မနေဘဲ အဝတ်​ဗလာ​နှင့် သင်္ချိုင်းဂူများ​တွင် နေလေ၏။


ထို​အချိန်​၌ အမျိုးသမီး​တစ်ဦး​သည် ဆယ့်နှစ်နှစ်​ပတ်လုံး သွေးသွန်​ရောဂါစွဲ​၍ ဥစ္စာ​ရှိသမျှ​ကို ဆရာဝန်များ​အား ပေး​လျက် ကုသ​သော်လည်း မည်သည့်​ဆရာဝန်​မျှ မတတ်နိုင်ဘဲ​ရှိလေ၏။


ထိုအခါ လူတို့​သည် မွေးရာပါ ခြေမသန်သူ​တစ်ဦး​ကို သယ်ဆောင်လာကြ၏။ သူတို့​သည် “လှပသော​တံခါး” ဟု ခေါ်တွင်သည့် ဗိမာန်တော်​၏​တံခါး​အနီး​၌ ထို​သူ​ကို နေ့စဉ်​ထားလေ့ရှိ၏။ ဤသည်​မှာ ထို​သူ​သည် ဗိမာန်တော်​သို့ ဝင်သော​သူတို့​ထံမှ ငွေကြေး​တောင်းရမ်း​နိုင်ရန်​ဖြစ်၏။


ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်လာသောသူ​သည် အသက်လေးဆယ်​ကျော်​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ