Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:43 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ ဆေးဆရာ​များ​ထံ မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သူ​က​မျှ ကျန်းမာ​အောင် မ​ကု​ပေး​နိုင်​သော​အမျိုးသမီး​တစ်​ဦး​သည်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

43 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​တစ်​ဆယ့်​နှစ် နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ခဲ့​၏။ မိ​မိ​တွင် ရှိ​သ​မျှ​ကြေး​ငွေ​များ​ကို​အ​ကုန်​ခံ​၍​ဆေး ဆ​ရာ​များ​နှင့်​ကု​သ​သော်​လည်း အ​ဘယ် ဆေး​ဆ​ရာ​မျှ​ရော​ဂါ​ကို​မ​ပျောက်​စေ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 ထို အ ခါ တစ် ဆယ့် နှစ် နှစ် တိုင် သွေး သွန် နာ စွဲ လျက် မည် သူ မျှ ကု သ၍ မ ရ သော မိန်း မ တစ် ယောက် သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော​ကြောင့်၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆေး​သ​မား​တို့​အား​ပေး၍ ကုန်​သော်​လည်း၊ အ​ဘယ်​ဆေး​သ​မား​လက်၌​မျှ ချမ်း​သာ​မ​ရ​နိုင်​သော မိန်း​မ​တစ်​ယောက်​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

43 ထို​အချိန်​၌ အမျိုးသမီး​တစ်ဦး​သည် ဆယ့်နှစ်နှစ်​ပတ်လုံး သွေးသွန်​ရောဂါစွဲ​၍ ဥစ္စာ​ရှိသမျှ​ကို ဆရာဝန်များ​အား ပေး​လျက် ကုသ​သော်လည်း မည်သည့်​ဆရာဝန်​မျှ မတတ်နိုင်ဘဲ​ရှိလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

43 ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော​ကြောင့်၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆေး​သ​မား​တို့​အား​ပေး၍ ကုန်​သော်​လည်း၊ အ​ဘယ်​ဆေး​သ​မား​လက်၌​မျှ ချမ်း​သာ​မ​ရ​နိုင်​သော မိန်း​မ​တစ်​ယောက်​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:43
22 ပူးပေါင်းရင်းမြစ်များ  

အာသ​မင်းကြီး​နန်းစံ​သုံးဆယ့်​ကိုး​နှစ်​တွင် သူ​၏​ခြေထောက်​၌ အနာရောဂါ​စွဲကပ်​၏​။ ထို​အနာရောဂါ​သည် အလွန်​ပြင်းထန်​သော်လည်း ထာဝရဘုရား​ကို မ​ရှာ​ဘဲ သမားတော်​များ​နှင့်​သာ ဆေးကုသ​ခဲ့​၏​။


သင်​တို့​သည် မုသား​ကို ဖုံးကွယ်​ထား​သော​သူ​များ​၊ သင်​တို့​အားလုံး​သည် အသုံးမဝင်​သော​သမားတော်​များ ဖြစ်​ကြ​၏​။


ရန်သူ့​လက်​မှ​လွတ်​ရန် အကျွန်ုပ်​တို့​ကို​ကူညီမစ​တော်မူ​ပါ​။ အကြောင်းမူကား လူ​ပေး​သော​ကယ်တင်​ခြင်း​သည် အချည်းနှီး​ဖြစ်​ပါ​၏​။


နှာခေါင်း​နှင့်​အသက်ရှူ​တတ်​သော​လူ​ကို မ​ကိုးစား​နှင့်​။ ထိုသို့​သော​သူ​၌ အဘယ်​အားထားစရာ​ရှိ​သနည်း​။


အကြောင်းမူကား သူ​တို့​အားလုံး​သည် မိမိ​တို့​၏​ကြွယ်ဝ​ပြည့်စုံ​မှု​ထဲမှ ထည့်​ကြ​၏။ ဤ​မုဆိုးမ​မူကား မိမိ​၏​ဆင်းရဲ​ချို့တဲ့​မှု​ထဲမှ သူ​၌​ရှိ​သမျှ​သော​အရာ​အားလုံး၊ သူ​၏​အသက်မွေး​စရာ​အားလုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။


နတ်​သည် သူ့​ကို​ဖမ်းစား​သည့်​အခါ​တိုင်း သူ့​ကို​လှဲချ​၍ သူ​သည် ပါးစပ်​မှ​အမြှုပ်​ထွက်​ပြီး အံသွား​ကြိတ်​ကာ မာတောင့်​လာ​တတ်​ပါ​၏။ သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန် တောင်းပန်​သော်လည်း သူ​တို့​သည်​မ​တတ်နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။


ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။


သို့ဖြစ်လျှင် တစ်ဆယ့်​ရှစ်​နှစ်​ပတ်လုံး စာတန်​ချည်နှောင်​ထား​သည့် အာဗြဟံ​၏​သမီး​ဖြစ်​သော ဤ​သူ​ကို ဥပုသ်​နေ့​၌ ထို​ချည်နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ကိုယ်တော်​သည် ကမ်း​ပေါ်သို့​တက်​တော်မူ​သောအခါ နတ်ဆိုး​များ​ပူး​သဖြင့် ကာလ​အတန်ကြာ အဝတ်​လည်း​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်တော်​ကို​ဆီးကြို​လေ​၏။


အကြောင်းမူကား တစ်ဆယ့်နှစ်​နှစ်​အရွယ်​ခန့်​ရှိ​သော သူ​၏​တစ်ဦးတည်း​သော​သမီး​သည် သေ​အံ့ဆဲဆဲ​ဖြစ်​နေ​၏။ ကိုယ်တော်​ကြွ​တော်မူ​စဉ် လူထု​ပရိသတ်​သည် ကိုယ်တော်​ထံ​စုပြုံ​တိုးဝှေ့​ကြ​၏။


ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​လျက် ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို​တို့ထိ​လေ​၏။ ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်​သွား​လေ​၏။


ယေရှု​သည် လမ်း​၌​ကြွ​တော်မူ​စဉ် မွေးရာပါ​မျက်မမြင်​တစ်​ဦး​ကို တွေ့​တော်မူ​၏။


သို့သော် ယခု မည်သို့​မျက်စိ​မြင်​လာ​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သူ့​ကို​မျက်စိ​မြင်​အောင် မည်သူ​ပြုလုပ်​ပေး​ခဲ့​သည်​ကို​လည်း မ​သိ​ကြ​ပါ။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​အကြောင်း​ကို သူ​ကိုယ်တိုင်​ပြောပြ​ပါ​လိမ့်မည်”​ဟု ပြန်ပြော​ကြ​၏။


ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။


ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် အသက်​လေးဆယ်​ကျော်​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ