ထို့နောက် အိမ်တံခါးဝရှိ လူကြီးလူငယ်တို့ကို မျက်စိကွယ်စေရန် ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာရ၍ မောပန်းကြ၏။
လုကာ 11:34 - မြန်မာ့စံမီသမ္မာကျမ်း သင်၏မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ သင်၏မျက်စိကောင်းသောအခါ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်းတောက်ပနေလိမ့်မည်။ သို့သော် မျက်စိမကောင်းသောအခါ သင်၏ကိုယ်ခန္ဓာသည်လည်း မှောင်မိုက်နေလိမ့်မည်။ Common Language Bible မျက်စိသည်ကိုယ်ခန္ဓာအတွက်ဆီမီးသဖွယ်ဖြစ် ၏။ မျက်စိကောင်းလျှင်သင်၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။ မျက်စိမကောင်းလျှင်မူကား သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်မှောင်လျက် နေလိမ့်မည်။- Garrad Bible မျက် စိ သည် ကိုယ် ခ န္ဓာ၏ မီး ရှူး သ ဖွယ် ဖြစ် လျက် သင့် မျက် စိ ကောင်း လျှင် တစ် ကိုယ် လုံး အ လင်း နှင့် ပြည့်၏။ မ ကောင်း လျှင် မူ ကား ကိုယ် ခ န္ဓာ သည် မှောင် နှင့် ပြည့် ၏။ Judson Bible ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးယှက်သောအခါ တစ်ကိုယ်လုံးမိုက်လိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မျက်စိသည် ကိုယ်ခန္ဓာ၏မီးအိမ် ဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိ ကောင်းမွန်လျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံး လင်းလိမ့်မည်။ သို့ရာတွင် သင်၏မျက်စိသည် မကောင်းသောအခါ သင်၏ကိုယ်ခန္ဓာတစ်ခုလုံး မှောင်မိုက်နေလိမ့်မည်။ မြန်မာ ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးယှက်သောအခါ တစ်ကိုယ်လုံးမိုက်လိမ့်မည်။- |
ထို့နောက် အိမ်တံခါးဝရှိ လူကြီးလူငယ်တို့ကို မျက်စိကွယ်စေရန် ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာရ၍ မောပန်းကြ၏။
ကိုယ်တော်၏တရားတော်ထဲမှ အံ့ဖွယ်သောအမှုတို့ကိုမြင်နိုင်ရန် အကျွန်ုပ်၏မျက်စိကို ဖွင့်ပေးတော်မူပါ။
သို့ဖြစ်၍ သူတို့သည် မိမိတို့၏အကျင့်အကြံအတိုင်း လျှောက်လှမ်းကြစေရန် သူတို့နှလုံးသား၏မာကျောမှုလက်သို့ ငါအပ်လိုက်၏။
ဆိုးယုတ်သောသူတို့၏မီးခွက်တည်းဟူသော ထောင်လွှားသောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးတို့သည် အပြစ်ဖြစ်၏။
စေးနှဲသောသူသည် စည်းစိမ်ဥစ္စာရရန် အလျင်စလိုလုပ်ဆောင်သော်လည်း ဆင်းရဲခြင်းသည် သူ့ထံသို့ရောက်လာမည်ကို သူမသိချေ။
အကြောင်းမူကား ထာဝရဘုရားသည် နှစ်ခြိုက်စွာအိပ်မောကျသောဝိညာဉ်ကို သင်တို့အပေါ်သွန်းလောင်းလျက် ပရောဖက်များဖြစ်သော သင်တို့၏မျက်စိကိုပိတ်တော်မူ၍ ဗျာဒိတ်ရသူများဖြစ်သော သင်တို့၏ဦးခေါင်းများကို ဖုံးအုပ်ထားတော်မူပြီ။
ငါ့အစေအပါးမှတစ်ပါး မည်သူမျက်စိကန်းသနည်း။ ငါစေလွှတ်သောငါ့စေတမန်ကဲ့သို့ မည်သူနားပင်းသနည်း။ ငါ့မိတ်ဆွေကဲ့သို့ မည်သူမျက်စိကန်းသနည်း။ ထာဝရဘုရား၏အစေအပါးကဲ့သို့ မည်သူမျက်စိကန်းသနည်း။
သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။
အဆိုးကို အကောင်း၊ အကောင်းကို အဆိုးဟု ဆိုတတ်သောသူ၊ အလင်းကို အမှောင်၊ အမှောင်ကို အလင်း ဖြစ်စေသောသူ၊ အခါးကို အချို၊ အချိုကို အခါး ဖြစ်စေသောသူတို့သည် အမင်္ဂလာရှိကြ၏။
ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
ဤသည်ကား သူတို့သည် မြင်လျက်ပင် သတိမမူဘဲမြင်၍ ကြားလျက်ပင် နားမလည်ဘဲကြားကြစေရန်ဖြစ်၏။ သို့မဟုတ်လျှင် သူတို့သည် ပြောင်းလဲ၍ ခွင့်လွှတ်ခြင်းခံရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။
သင်တို့သည် မျက်စိရှိလျက်နှင့်မမြင်ကြသလော။ နားရှိလျက်နှင့်မကြားကြသလော။သင်တို့မမှတ်မိကြသလော။
ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
ငါတို့သခင်ယေရှုခရစ်တော်၏ဘုရားသခင်တည်းဟူသော ဘုန်းအသရေနှင့်ပြည့်စုံတော်မူသည့်ခမည်းတော်သည် မိမိကိုသိရှိစေရန် ဉာဏ်ပညာနှင့်ဗျာဒိတ်တော်ဆိုင်ရာဝိညာဉ်ကို သင်တို့အား ပေးတော်မူမည့်အကြောင်းနှင့်
ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
ကျွန်ဖြစ်သူတို့၊ သင်တို့၏လောကီသခင်များကို အရာရာ၌ နာခံကြလော့။ မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သခင်ဘုရားကိုကြောက်ရွံ့လျက် ရိုးသားသောစိတ်နှလုံးဖြင့် နာခံကြလော့။