ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
လုကာ 1:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။ Common Language Bible သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။- Garrad Bible ဧ လိ ရှ ဗက် သည် မြုံ၍၊ ထို သူ တို့ တွင် သား မ ရှိ၊ နှစ် ဦး လုံး ပင် အ သက် ကြီး ရင့် လှ ပြီ။ Judson Bible ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ဧလိရှဗက်သည် မြုံသောကြောင့် သူတို့၌ သားသမီးမထွန်းကားပေ။ သူတို့နှစ်ဦးသည် အသက်အရွယ်ကြီးရင့်သူများ ဖြစ်ကြ၏။ မြန်မာ ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။ |
ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လေပြီ။ စာရာသည် အမျိုးသမီးဓမ္မတာကုန်ဆုံးပြီဖြစ်၏။
ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
တစ်ဖန် ဧလိရှဲက ဂေဟာဇိအား “သူ့ကို မည်သို့ပြုပေးသင့်သနည်း”ဟု မေးပြန်လျှင် ဂေဟာဇိက “သူ၌ သားမရှိပါ။ ခင်ပွန်းသည်လည်း အသက်ကြီးပါပြီ”ဟု ပြန်လျှောက်၏။
ယုဒနယ်ကိုအုပ်ချုပ်သော ဟေရုဒ်မင်းကြီးလက်ထက်တွင် ဇာခရိအမည်ရှိသော အဘိယအဖွဲ့ဝင်ယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ၏ဇနီးသည် အာရုန်၏အမျိုးမှဆင်းသက်သူဖြစ်ပြီး သူ၏အမည်မှာ အဲလစ်ဇဘက်ဖြစ်၏။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
တစ်ခါက ဇာခရိသည် မိမိ၏အဖွဲ့ အလှည့်ကျသဖြင့် ဘုရားသခင်ရှေ့တော်၌ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်နေစဉ်
သူသည် အသက်တစ်ရာခန့်ရှိ၍ မိမိကိုယ်ခန္ဓာသည် သေသူကဲ့သို့ဖြစ်နေကြောင်းကိုလည်းကောင်း၊ စာရာ၏ဝမ်းသည် သေနေကြောင်းကိုလည်းကောင်း ဆင်ခြင်အောက်မေ့သော်လည်း ယုံကြည်ခြင်း၌ အားနည်းခြင်းမရှိ။
ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။
ထိုသူ၌ မယားနှစ်ယောက်ရှိ၏။ တစ်ယောက်၏အမည်မှာ ဟန္နဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ပေနိန္နဖြစ်၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌ကား သားသမီးမရှိချေ။