ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
လုကာ 1:25 - မြန်မာ့စံမီသမ္မာကျမ်း အဲလစ်ဇဘက်က “ထာဝရဘုရားသည် လူတို့အလယ်၌ ငါခံရသောကဲ့ရဲ့ရှုတ်ချခြင်းကိုဖယ်ရှားရန် ငါ့ကိုမျက်နှာသာပေးတော်မူသည့်နေ့ရက်များ၌ ဤသို့ပြုတော်မူပြီ”ဟု ဆိုလေ၏။ Common Language Bible ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။ Judson Bible ငါသည် လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှာ ငါ့ကို ကြည့်ရှုတော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဧလိရှဗက်က “ထာဝရဘုရားသည် ငါ့ကိုသနား၍ ကျေးဇူးပြုတော်မူပြီ။ ငါ့ကို မျက်နှာသာပေး၍ သားသမီးမရှိသည့်အတွက် လူပုံအလယ်အရှက်ရခြင်းကို ဖယ်ရှားတော်မူပြီ” ဟု ဆို၏။ မြန်မာ ငါသည် လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှာ ငါ့ကို ကြည့်ရှုတော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။ |
ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
ထို့ကြောင့် ရှောလုမင်းကြီး၏သမီးတော် မိခါလသည် သေသည်အထိ သားသမီး မထွန်းကားခဲ့ပေ။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
ထိုနေ့ရက်၌ မိန်းမခုနစ်ယောက်သည် ယောက်ျားတစ်ယောက်ကိုဖမ်းဆွဲလျက် “ကျွန်မတို့သည် ကိုယ့်အစာကိုယ်စားပါမည်။ ကိုယ့်အဝတ်ကိုယ်ဝတ်ပါမည်။ ကျွန်မတို့ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန် ကျွန်မတို့ကို သင့်နာမည်ဖြင့်ခေါ်သောအခွင့်ကိုသာ ပြုပါ”ဟု ဆိုကြလိမ့်မည်။
ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။
ထိုနေ့ရက်များနောက်တွင် သူ၏ဇနီးအဲလစ်ဇဘက်သည် သန္ဓေတည်၍ ငါးလပတ်လုံး အိမ်တွင်း၌အောင်းလျက်နေ၏။
ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။
သို့သော် အဖေ့ကို တစ်ခုတောင်းဆိုပါရစေ။ အကျွန်ုပ်ကို နှစ်လခွင့်ပြုပါ။ အကျွန်ုပ်သည် အကျွန်ုပ်အဖော်များနှင့်အတူ တောင်ပေါ်တွင် သွား၍ အပျိုစင်ဘဝအဖြစ်ကို ငိုကြွေးပါရစေ”ဟု တောင်းဆိုလေ၏။
ထိုသို့ ထာဝရဘုရားသည် ဟန္နအား သန္ဓေတည်ခွင့်ပေးတော်မမူသောကြောင့် သူ၏ပြိုင်ဖက်သည် ဟန္နစိတ်ဆိုးအောင် ဒေါသစိတ်ကို ဆွလေ့ရှိ၏။