ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
ရှောလမုန်သီချင်း။ 4:3 - မြန်မာ့စံမီသမ္မာကျမ်း သင့်နှုတ်ခမ်းများသည်လည်း အနီရောင်ဖဲကြိုးနှင့် တူပါ၏။ သင့်နှုတ်သည်လည်း ချစ်စရာကောင်းလှပါ၏။ မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့် တူပါ၏။ Common Language Bible လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။ Garrad Bible နှုတ် ခမ်း လည်း နီ မြန်း သော ကြိုး နှင့် တူ လျက်၊ သာ ယာ သော စ ကား ရှိ သည့် ပြင်၊ ရှေ့ ကာ အောက် နား ထင် သည်၊ သ လဲ ရောင် နှင့် တူ၏။ Judson Bible နှုတ်ခမ်းသည်လည်း နီထွေးသောကြိုးနှင့် တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးယှက်နှင့် တူကြ၏။ |
ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
“အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။
အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏နှုတ်တော်ထွက် စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ပြောကြားပါ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားမျှတသောစကားကိုပြောဆိုတတ်၏။
ကိုယ်တော်သည် လူသားတို့ထက် အဆင်းလှပါ၏။ ကိုယ်တော်၏နှုတ်ခမ်းသည် ကျေးဇူးတော်ဖြင့် ဘိသိက်ခံရပါ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူပြီ။
အသိဉာဏ်ရှိသောသူ၏နှုတ်ခမ်းတွင် ဉာဏ်ပညာကိုတွေ့ရ၏။ အသိစိတ်မရှိသောသူ၏ကျောကုန်းအတွက်မူကား ကြိမ်လုံးရှိ၏။
သူသည် ဉာဏ်ပညာဖြင့် မိမိနှုတ်ကိုဖွင့်တတ်၏။ သူ၏လျှာပေါ်၌ မေတ္တာကရုဏာနှင့်ပြည့်စုံသော သွန်သင်ချက်ရှိ၏။
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
အို ငါ့သတို့သမီး၊ သင့်နှုတ်ခမ်းတို့သည် ပျားလပို့မှ ပျားရည်ယိုသကဲ့သို့ ဖြစ်ပါ၏။ သင့်လျှာအောက်တွင် ပျားရည်၊ နို့ရည်တို့ ရှိပါ၏။ သင့်အဝတ်အစားတို့၏ရနံ့သည်လည်း လက်ဘနွန်ရနံ့နှင့် တူပါ၏။
သူ့ပါးပြင်တို့သည် မွှေးကြိုင်သောအိပ်ရာ၊ အမွှေးနံ့သာထုံသင်းသောရဲတိုက်နှင့်တူ၏။ သူ့နှုတ်ခမ်းသည်လည်း မုရန်ဆီယိုစီးသော နှင်းပန်းနှင့်တူ၏။
နှုတ်ချို၍ သူ့တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်ဖြစ်၏။ အို ဂျေရုဆလင်သမီးပျိုတို့၊ ဤသူကား အကျွန်ုပ်၏ချစ်သူ၊ ဤသူသည် အကျွန်ုပ်မိတ်ဆွေ ဖြစ်၏။”
မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့်တူပါ၏။
သင့်နှုတ်သည် အကောင်းစားစပျစ်ဝိုင်ဖြစ်ပါစေ။” “အကျွန်ုပ်ချစ်သူအဖို့ ထိုစပျစ်ဝိုင်သည် နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် ချောမွေ့စွာစီးဆင်းပါ၏။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံမည့်သူအတွက် စင်ကြယ်သောငှက်အရှင်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်နှင့် ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်ဟု မိန့်မှာရမည်။
ယဇ်ပုရောဟိတ်သည် ကျန်ငှက်အရှင်ကိုယူ၍ သစ်ကတိုးသား၊ အနီရောင်ချည်၊ ဟုဿုပ်ညွန့်တို့နှင့်အတူ ထိုငှက်အရှင်ကို စမ်းရေပေါ်တွင်သတ်ခဲ့သောငှက်သွေးထဲသို့ နှစ်၍
ယဇ်ပုရောဟိတ်သည် သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်တို့ကိုယူ၍ နွားမတမ်းကိုရှို့သောမီးပုံထဲသို့ ပစ်ထည့်ရမည်။
ထိုအရာတို့ပေါ်၌ အနီရောင်အဝတ်ကို ဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် စားပွဲ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။
လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။
သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။
လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။
အကြောင်းမူကား မောရှေသည် ပညတ်တရားကျမ်း၌ပါသမျှသောပညတ်ချက်တို့ကို လူအပေါင်းတို့အားကြေညာပြီးလျှင် ရေနှင့်ရောနှောသော နွားသငယ်နှင့်ဆိတ်တို့၏သွေးကိုယူ၍ ထိုကျမ်းမှစ၍ လူအပေါင်းတို့ကို နီမြန်းသောသိုးမွေးနှင့်ဟုဿုပ်ညွန့်ဖြင့် ပက်ဖျန်းလျက်
ဤပြည်သို့ ငါတို့ရောက်လာသောအခါ ဤကြိုးနီကို ငါတို့လျှောဆင်းလာခဲ့သောပြတင်းပေါက်၌ ချည်ထားရမည်။ သင်၏မိဘ၊ ညီအစ်ကိုမောင်နှမတို့နှင့် ဆွေမျိုးသားချင်းအားလုံးကို သင့်အိမ်၌ ခေါ်ထားရမည်။