Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ယဇ်ပုရောဟိတ်​သည် ကျန်​ငှက်​အရှင်​ကို​ယူ​၍ သစ်ကတိုးသား​၊ အနီရောင်​ချည်​၊ ဟုဿုပ်ညွန့်​တို့​နှင့်အတူ ထို​ငှက်​အရှင်​ကို စမ်းရေ​ပေါ်တွင်​သတ်​ခဲ့​သော​ငှက်​သွေး​ထဲသို့ နှစ်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ယဇ်​ပု​ရော​ဟိတ်​သည်​သစ်​ကတိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​နှင့်​တ​ကွ​ငှက်​အ​ရှင်​ကို သတ်​ပြီး​သော​ငှက်​၏​သွေး​ထဲ​၌​နှစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ကျန် ငှက် ရှင် တစ် ကောင်၊ သစ် က တိုး သား အ ရိုး၊ အ နီ ချည်၊ ဟုဿုပ် ညွန့် များ ကို စမ်း ရေ ပေါ် တွင် စီ ရင် သော ငှက် သွေး ၌ ကိုင် ဆွတ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​နှင့်​တ​ကွ အ​သက်​ရှင်​သော ငှက်​ကို​ယူ၍၊ ငှက်​သွေး​ရော​ပြီး​သော​ရေ၌ နှစ်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:6
13 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။


ယဇ်ပုရောဟိတ်​သည် စင်ကြယ်​စေ​ခြင်း​ခံ​မည့်​သူ​အတွက် စင်ကြယ်​သော​ငှက်​အရှင်​နှစ်​ကောင်​၊ သစ်ကတိုးသား​၊ အနီရောင်​ချည်​နှင့် ဟုဿုပ်ညွန့်​တို့​ကို ယူဆောင်​လာ​ရ​မည်​ဟု မိန့်မှာ​ရ​မည်​။


ငှက်​တစ်​ကောင်​ကို မြေ​အိုး​ထဲ​ရှိ စမ်းရေ​ပေါ်၌​သတ်​ရန် ယဇ်ပုရောဟိတ်​မိန့်မှာ​ရ​မည်​။


ငှက်​တစ်​ကောင်​ကို မြေ​အိုး​ထဲ​ရှိ စမ်းရေ​ပေါ်၌ သတ်​ရ​မည်​။


ထို​နေ့ရက်​တွင် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့ အပြစ်​နှင့်​မစင်ကြယ်မှု​များ​ကို ဆေးကြော​ရန် စမ်းရေတွင်း​တစ်​ခု ပေါ်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။


သခင်​ယေရှု​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် အပ်နှံ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​ဖြောင့်မတ်​သည်​ဟု အသိအမှတ်ပြု​ခြင်း​ခံရ​ရန်​အတွက် ထမြောက်​တော်မူ​၏။


အကြောင်းမူကား ရန်သူ​ဖြစ်​လျက်​ပင် သား​တော်​၏​အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ခဲ့​လျှင် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ပြီး​သော​ငါ​တို့​သည် သား​တော်​၏​အသက်​တော်​အားဖြင့် ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။


အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။


သစ္စာ​ရှိ​သော​သက်သေ၊ သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ၊ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​ကို​အုပ်ချုပ်​သူ ဖြစ်တော်မူ​သော ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေ​သော။ ငါ​တို့​ကို​ချစ်​တော်မူ​၍ မိမိ​၏​သွေး​တော်​အားဖြင့် ငါ​တို့​အပြစ်​များ​မှ ငါ​တို့​ကို​ဖြေလွှတ်​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ