Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 14:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ယဇ်ပုရောဟိတ်​သည် စင်ကြယ်​စေ​ခြင်း​ခံ​မည့်​သူ​အတွက် စင်ကြယ်​သော​ငှက်​အရှင်​နှစ်​ကောင်​၊ သစ်ကတိုးသား​၊ အနီရောင်​ချည်​နှင့် ဟုဿုပ်ညွန့်​တို့​ကို ယူဆောင်​လာ​ရ​မည်​ဟု မိန့်မှာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သော​ငှက် နှစ်​ကောင်​နှင့်​တ​ကွ​သစ်​က​တိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို​ယူ​ဆောင်​စေ ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သန့် စေ ခြင်း လို သော သူ့ အ တွက် သန့် သော ငှက် ရှင် နှစ် ကောင်၊ သစ် က တိုး သား အ ရိုး၊ အ နီ ချည်၊ ဟုဿုပ် ညွန့် များ ကို ဆောင် ယူ ခဲ့ စေ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 စင်​ကြယ်​စေ​ခြင်း​ကို​ခံ​ရ​သော ထို​သူ​အ​ဖို့၊ အ​သက်​ရှင်၍​စင်​ကြယ်​သော ငှက်​နှစ်​ကောင်၊ အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​တို့​ကို မှာ​လိုက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 14:4
11 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။


ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။


သူ​သည် ထာဝရဘုရား​အား ငှက်​ကို​မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လို​လျှင် ချိုးငှက်​ကို​ဖြစ်စေ​၊ ခိုငယ်​ကို​ဖြစ်စေ ပူဇော်​ရ​မည်​။


အကယ်၍ သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် ထို​မိန်းမ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် စင်ကြယ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ငှက်​တစ်​ကောင်​ကို မြေ​အိုး​ထဲ​ရှိ စမ်းရေ​ပေါ်၌​သတ်​ရန် ယဇ်ပုရောဟိတ်​မိန့်မှာ​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် ကျန်​ငှက်​အရှင်​ကို​ယူ​၍ သစ်ကတိုးသား​၊ အနီရောင်​ချည်​၊ ဟုဿုပ်ညွန့်​တို့​နှင့်အတူ ထို​ငှက်​အရှင်​ကို စမ်းရေ​ပေါ်တွင်​သတ်​ခဲ့​သော​ငှက်​သွေး​ထဲသို့ နှစ်​၍


သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


စင်ကြယ်​သော​သူ​သည် ဟုဿုပ်ညွန့်​ကို​ယူ​၍ ထို​ရေ​ထဲသို့​နှစ်​ပြီး တဲ​နှင့် တဲ​ထဲ​ရှိ​အသုံးအဆောင်​အားလုံး​ကို​လည်းကောင်း​၊ တဲ​ထဲ​ရှိ​လူ​တို့​ကို​လည်းကောင်း​၊ လူသေ​အရိုး​၊ အသတ်ခံရ​သူ​၊ အလိုလို​သေ​သော​သူ​၊ သင်္ချိုင်းဂူ​ကို ထိမိ​သော​သူ​ကို​လည်းကောင်း ဖျန်း​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် သစ်ကတိုးသား​၊ ဟုဿုပ်ညွန့်​၊ အနီရောင်​ချည်​တို့​ကို​ယူ​၍ နွားမတမ်း​ကို​ရှို့​သော​မီးပုံ​ထဲ​သို့ ပစ်ထည့်​ရ​မည်​။


အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ