အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးအကြောင်းကို ကိုယ်တော်သိပါ၏။ အကျွန်ုပ်ဒါဝိဒ်သည် ကိုယ်တော်အား မည်သို့ထပ်မံလျှောက်ဝံ့ပါဦးမည်နည်း။
ရှင်ယောဟန် 21:17 - မြန်မာ့စံမီသမ္မာကျမ်း တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။ Common Language Bible တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။- Garrad Bible တစ်ဖန်တတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသော် တတိယအကြိမ်၌ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသောကြောင့် ပေတရုသည်ဝမ်းနည်းလျက် အရှင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုသိတော်မူသည်နှင့်အညီ ကိုယ်တော်ကိုတပည့်တော်ချစ်ခင်ကြောင်း သိမြင်တော်မူပါသည် ဟုလျှောက်ရာ ယေရှုက ငါ့သိုးတို့ကိုကျွေးမွေးလော့။ Judson Bible ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။ မြန်မာ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။- |
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးအကြောင်းကို ကိုယ်တော်သိပါ၏။ အကျွန်ုပ်ဒါဝိဒ်သည် ကိုယ်တော်အား မည်သို့ထပ်မံလျှောက်ဝံ့ပါဦးမည်နည်း။
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ကိုယ်တော့်အစေအပါးအကြောင်းကို ကိုယ်တော်သိပါ၏။ ကိုယ်တော့်အစေအပါးဒါဝိဒ်ကို ဘုန်းကြီးစေသည့်အမှုမှာ ကိုယ်တော့်အစေအပါးသည် ကိုယ်တော်အား မည်သို့ထပ်မံလျှောက်ဝံ့ပါဦးမည်နည်း။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကိုစစ်ဆေးတော်မူ၏။ ညအချိန်၌ အကျွန်ုပ်ကို စစ်ကြောတော်မူ၏။ အကျွန်ုပ်ကိုစစ်ကြောလျှင်လည်း အကျွန်ုပ်၌မည်သည့်အရာမျှတွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် အပြစ်မကျူးလွန်မိစေရန် အကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါ၏။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။
ကိုယ်တော်သည် လူသားတို့ကို ဒုက္ခဝေဒနာခံစားစေလိုသောသဘော၊ ဝမ်းနည်းကြေကွဲစေလိုသောသဘောရှိတော်မမူ။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည်“ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သောစကားကို သတိရသဖြင့် ချုံးပွဲချငိုကြွေးလေ၏။
အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့တွင်အစဉ်ရှိကြ၏။ ငါမူကား သင်တို့တွင်အစဉ်ရှိသည်မဟုတ်”ဟု မိန့်တော်မူ၏။
ယေရှုက“ငါ့အတွက် သင်၏အသက်ကိုစွန့်မည်လော။ သင့်အား ငါအမှန်အကန်ဆိုမည်။ ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်။
ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
ကိုယ်တော်သည် အလုံးစုံတို့ကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော်ကို မေးလျှောက်စရာမလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါပြီ။ ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာတော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်ကြပါ၏”ဟု လျှောက်ကြ၏။
ယေရှုသည် မိမိ၌ဖြစ်လာမည့်အရာအလုံးစုံတို့ကို သိနှင့်တော်မူသောကြောင့် ထွက်လာ၍“မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင်
သင့်အား ငါအမှန်အကန်ဆိုမည်။ သင်သည် ငယ်ရွယ်စဉ်အခါ၌ ကိုယ်ကိုယ်တိုင်ခါးပန်းစည်း၍ ကိုယ်အလိုရှိရာအရပ်သို့ သွားလာလေ့ရှိ၏။ အိုမင်းသောအခါ၌မူကား သင်သည် ကိုယ့်လက်နှစ်ဖက်ကိုဆန့်၍ သူတစ်ပါးသည် သင့်ခါးကို ခါးပန်းစည်းကာ သင်အလိုမရှိရာအရပ်သို့ ခေါ်ဆောင်သွားမည်”ဟု မိန့်တော်မူ၏။
ယေရှုက“သွား၍ သင်၏ယောက်ျားကိုခေါ်ပြီး ဤနေရာသို့လာခဲ့လော့”ဟု မိန့်တော်မူ၏။
ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာအားလုံးသည် ကောင်းကင်သို့ ပြန်လည်ရုပ်သိမ်းခြင်းခံရ၏။
စိတ်နှလုံးကိုသိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသည့်နည်းတူ ထိုသူတို့အားလည်း ပေး၍ သူတို့ကို အသိအမှတ်ပြုတော်မူ၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။ သင်တို့သည် ရွေးနုတ်ခြင်းနေ့ရက်အတွက် ထိုဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
“တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား၊ တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား သိတော်မူပါ၏။ အစ္စရေးလူမျိုးတို့ကိုလည်း သိစေတော်မူပါ။ ထာဝရဘုရားကိုပုန်ကန်မိလျှင်၊ ပြစ်မှားမိလျှင် ယနေ့ အကျွန်ုပ်တို့ကို ချမ်းသာခွင့်မပေးပါနှင့်။
သင်တို့သည် ယခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကြောင့် ခေတ္တခဏဝမ်းနည်းရလျှင်လည်း အထက်၌ဆိုခဲ့ပြီးသောအကြောင်းကြောင့် ရွှင်မြူးခြင်းရှိကြ၏။
ချစ်ရသောသူတို့၊ ယခု ဤဒုတိယစာကို သင်တို့ထံသို့ ငါရေးလိုက်၏။ ငါသည် ဤစာနှစ်စောင်လုံးတွင် သင်တို့ကိုသတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့၏ဖြူစင်သောစိတ်နှလုံးကို နိုးကြားတက်ကြွစေ၏။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။