အာဗြဟံသည် အမှန်ပင် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်လာမည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
ရှင်ယောဟန် 15:16 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။ Common Language Bible သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။- Garrad Bible သင်တို့သည်ငါ့ကိုရွေးချယ်ကြသည်မဟုတ်။ ငါကသာသင်တို့ကိုရွေးချယ်သည့်အလျောက်သွားကြပြီးလျှင် တည်မြဲသောအသီးကိုသီးလျက်၊ ခမည်းတော်ထံ ငါ့နာမ၌တောင်းလျှောက်သမျှကိုရကြစေရန် ငါခန့်ထား၏။ Judson Bible သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။ မြန်မာ သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ |
အာဗြဟံသည် အမှန်ပင် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်လာမည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
မျိုးဆက်တစ်ဆက်သည် နောက်မျိုးဆက်တစ်ဆက်အား ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ထောမနာပြုပြောဆိုပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်များ အကြောင်းကိုလည်း ပြောကြားပါလိမ့်မည်။
အို ဘုရားသခင်၊ ကိုယ်တော်၏ဘုန်းလက်ရုံးတော်အကြောင်းကို ဤမျိုးဆက်အားလည်းကောင်း၊ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကို နောင်လာနောက်သားအပေါင်းတို့အားလည်းကောင်း မပြောကြားမီတိုင်အောင် အကျွန်ုပ်သည် အိုမင်း၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
ဖြောင့်မတ်သောသူ၏အသီးအပွင့်သည် အသက်ပင်သဖွယ်ဖြစ်၏။ စိတ်ဝိညာဉ်များကိုဆွဲဆောင်စည်းရုံးနိုင်သောသူသည် ပညာရှိဖြစ်၏။
နောင်တစ်ချိန်မှာ ယာကုပ်သည် အမြစ်တွယ်လာလိမ့်မည်။ အစ္စရေးသည် ဖူးငုံပွင့်လန်းလာလိမ့်မည်။ ကမ္ဘာမြေတစ်ပြင်လုံးကို အသီးနှင့်ပြည့်စေလိမ့်မည်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
သင်တို့ဆုတောင်းသောအခါတွင်လည်း ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သမျှသောအရာတို့ကို သင်တို့ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
တောင်းကြလော့။ တောင်းလျှင် သင်တို့ရကြလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် သင်တို့ကို ဖွင့်ပေးလိမ့်မည်။
မိုးလင်းသောအခါ တပည့်တော်များကိုခေါ်၍ ထိုသူတို့အထဲမှ တစ်ဆယ့်နှစ်ပါးတို့ကိုရွေးကောက်ပြီးလျှင် တမန်တော်ဟူ၍ ခေါ်ဝေါ်သမုတ်တော်မူ၏။ ထိုသူတို့မှာ
သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။
သင်တို့သည် ဤလောကနှင့်ဆိုင်ခဲ့လျှင် လောကီသားတို့သည် မိမိတို့နှင့်ဆိုင်သောသင်တို့ကို ချစ်ခဲ့ကြပေလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်မဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးကောက်ခဲ့ပြီဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။
ငါသည် စပျစ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆိုငါ၌တည်နေ၍ ငါသည်လည်း သူ၌တည်နေလျှင် ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှမပြုနိုင်ကြ။
ယေရှုကလည်း“တစ်ဆယ့်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင်တို့ထဲမှတစ်ဦးသည် မာရ်နတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့ရာတွင် လူအားလုံးထံ၌မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင်ကြိုတင်ခန့်ထားသော ငါတို့ထံ၌သာ ကိုယ်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် ငါတို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြ၏။
ထိုအခါ သူက ‘ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိအလိုတော်ကို သိစေရန်လည်းကောင်း၊ ဖြောင့်မတ်သောအရှင်ကို ဖူးမြင်စေရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်မှအသံတော်ကို ကြားစေရန်လည်းကောင်း သင့်ကို ကြိုတင်ခန့်ထားတော်မူပြီ။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။
ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။
အကြောင်းမူကား ရှေးအခါကရေးထားသမျှသောအရာသည် ငါတို့ကိုသွန်သင်ရန်ရေးထားခြင်းဖြစ်ပြီး ကျမ်းစာ၌ပါသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေရန်ဖြစ်၏။
အိုးထိန်းသည်သည် ရွှံ့စေးတစ်ပုံတည်းထဲမှ အသရေရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း၊ အသရေမရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း လုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။
ဤအမှုအရာတို့သည် နမူနာများအဖြစ် ထိုသူတို့၌ဖြစ်ပျက်ခဲ့ကြပြီး ၎င်းကိုရေးထားခြင်းမှာ ကပ်ကာလအဆုံးပိုင်း၌ အသက်ရှင်နေကြသောငါတို့ကို သတိပေးရန်အတွက်ဖြစ်၏။
သို့သော် အမိဝမ်းထဲ၌ငါရှိစဉ်ကပင် ငါ့ကိုသီးသန့်ရွေးချယ်ထား၍ မိမိ၏ကျေးဇူးတော်အားဖြင့် ငါ့ကိုခေါ်ယူတော်မူသောဘုရားသခင်သည်
အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ထိုသတင်းသည် ကမ္ဘာတစ်ဝန်းလုံး၌ အသီးသီးကာ တိုးပွားလျက်ရှိသကဲ့သို့ ၎င်းကိုသင်တို့ကြားနာလျက် ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာသိရှိရသောနေ့မှစ၍ သင်တို့ထဲ၌လည်း အသီးသီးကာ တိုးပွားလျက်ရှိ၏။
ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။
ငါသည် ထိုကောင်းမြတ်သောသတင်းအတွက် သံတော်ဆင့်အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။
များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့။
ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။
ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် ဖြောင့်မတ်ခြင်းအသီး၏မျိုးစေ့ကို ငြိမ်းချမ်းစွာကြဲတတ်ကြ၏။
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။
ငါတို့သည် ဘုရားသခင်ကိုချစ်ခဲ့သည်မဟုတ်။ ဘုရားသခင်ကသာ ငါတို့ကိုချစ်တော်မူ၍ ငါတို့၏အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာအဖြစ် မိမိ၏သားတော်ကို စေလွှတ်တော်မူ၏။ ဤအမှုအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။