ထိုမာရိသည် သခင်ဘုရားကိုဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်ဖြင့်သုတ်သောသူဖြစ်ပြီး နာမကျန်းဖြစ်နေသောလာဇရုသည် သူ၏မောင်ဖြစ်၏။
ရှင်ယောဟန် 13:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သခင်ဘုရားလည်းဖြစ်၍ ဆရာလည်းဖြစ်သောငါသည် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကိုဆေးကြရမည်။ Common Language Bible ငါသည်သင်တို့၏ဆရာတော်ဖြစ်၏။ အရှင် ဘုရားလည်းဖြစ်၏။ သို့ဖြစ်ပါလျက်သင်တို့ ၏ခြေကိုငါဆေးပေးခဲ့၏။ သို့ဖြစ်၍သင်တို့ သည်လည်းအချင်းချင်းတို့၏ခြေကိုဆေး ရမည်။- Garrad Bible အရှင်ဘုရားနှင့် ဆရာတော်ဖြစ်သောငါသည် သင်တို့ခြေများကိုဆေးလျှင် သင်တို့၌ ငါပြုသည့်နည်းတူပြုကြစေရန် ငါပုံစံပြထားသည့်အလျောက် သင်တို့လည်းအချင်းချင်းတို့ခြေကိုဆေးထိုက်၏။ Judson Bible ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သင်တို့၏သခင်လည်း ဖြစ်၏။ ဆရာလည်း ဖြစ်၏။ သို့ဖြစ်လျက်ပင် ငါသည် သင်တို့၏ ခြေကို ဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကို ဆေးကြရမည်။ မြန်မာ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။- |
ထိုမာရိသည် သခင်ဘုရားကိုဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်ဖြင့်သုတ်သောသူဖြစ်ပြီး နာမကျန်းဖြစ်နေသောလာဇရုသည် သူ၏မောင်ဖြစ်၏။
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့် ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍ မထင်မှတ်ကြနှင့်။
ထို့ကြောင့် သင်တို့အား ငါသိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် “ယေရှုသည် ကျိန်ခြင်းကိုခံပါစေ”ဟု ပြောဆိုမည်မဟုတ်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မဟုတ်လျှင် မည်သူကမျှ “ယေရှုသည် သခင်ဖြစ်တော်မူ၏”ဟူ၍ မပြောဆိုနိုင်ပေ။
ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကိုအား မမှားယွင်းစေရန် ငါသည် အသားကို ကာလအစဉ်အဆက် မည်သည့်အခါမျှ စားမည်မဟုတ်။
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။
နှုတ်ရှိသမျှတို့သည်လည်း ယေရှုခရစ်တော်သည်အရှင်သခင်ဖြစ်ကြောင်းဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းတည်း။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
ခရစ်တော်သည် ကိုယ်ကာယ၌ ထိုသို့ ဒုက္ခဝေဒနာခံစားရသည်ဖြစ်၍ သင်တို့သည်လည်း ထိုသို့သောသဘောထားမျိုးကို လက်နက်အဖြစ် စွဲကိုင်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကာယတွင် ဒုက္ခဝေဒနာခံစားရသောသူသည် အပြစ်နှင့်ပြတ်စဲပြီဖြစ်၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။