Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထို​မာရိ​သည် သခင်​ဘုရား​ကို​ဆီမွှေး​နှင့်​လိမ်း​၍ ခြေ​တော်​ကို မိမိ​ဆံပင်​ဖြင့်​သုတ်​သော​သူ​ဖြစ်​ပြီး နာမကျန်း​ဖြစ်​နေ​သော​လာဇရု​သည် သူ​၏​မောင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 (ဤ​မာ​ရိ​ကား​သခင်​ယေ​ရှု​၏​ခြေ​တော်​ထက် မှာ​ဆီ​မွှေး​သွန်း​လောင်း​၍ မိ​မိ​ဆံ​ပင်​ဖြင့်​သုတ် ပေး​သူ​ဖြစ်​၏။ ဖျား​နာ​နေ​သူ​လာ​ဇ​ရု​သည် ဤ​မာ​ရိ​၏​မောင်​တည်း။)-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 နာနေသောလာဇရု၏အစ်မဖြစ်သော ထိုမာရိကား၊ အရှင်ဘုရားကိုနံ့သာဆီလိမ်းကျံ၍ ခြေတော်ကိုဦးဆံနှင့်သုတ်သောသူတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 နာ​လျက်​နေ​သော လာ​ဇ​ရု၏​နှ​မ​မာ​ရိ​ကား၊ သ​ခင်​ဘု​ရား​ကို ဆီ​မွှေး​နှင့်​လိမ်း၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သော မာ​ရိ ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထို​မာရိ​သည် ယေရှု​၏ ခြေ​ကို ဆီမွှေး​လိမ်း​၍ မိမိ​ဆံပင်​ဖြင့် သုတ်ပေးသော​သူ​ဖြစ်၏။ သူ​၏ မောင် လာဇရု​သည် ဖျားနာ​လျက်​ရှိ​သောကြောင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

2 နာ​လျက်​နေ​သော လာ​ဇ​ရု၏​နှ​မ​မာ​ရိ​ကား၊ သ​ခင်​ဘု​ရား​ကို ဆီ​မွှေး​နှင့်​လိမ်း၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သော မာ​ရိ ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:2
11 ပူးပေါင်းရင်းမြစ်များ  

ယေရှု​သည် ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​ထဲ၌​ထိုင်​၍ စားသောက်​နေ​တော်မူ​စဉ် အမျိုးသမီး​တစ်​ဦး​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ကို​ယူဆောင်​လာ​၍ ထို​ကျောက်ဖြူ​ဘူး​ကို​ခွဲ​ပြီးလျှင် ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ဆီမွှေး​ကို သွန်းလောင်း​လေ​၏။


သခင်​ဘုရား​သည် ထို​အမျိုးသမီး​ကို​မြင်​သောအခါ သူ့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍“မ​ငို​နှင့်”​ဟု မိန့်​တော်မူ​၏။


သခင်​ဘုရား​ထံသို့​စေလွှတ်​ကာ “ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော”​ဟု မေးလျှောက်​စေ​၏။


မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။


ထို့ကြောင့် ထို​ညီအစ်မ​တို့​သည် ကိုယ်တော်​ထံသို့ လူ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​ချစ်ခင်​တော်မူ​သော​သူ​သည် နာမကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်ထား​ကြ​၏။


မာရိ​သည် ယေရှု​ရှိ​တော်မူ​ရာ​အရပ်​သို့​ရောက်​၍ ကိုယ်တော်​ကို​မြင်​သောအခါ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။


ထိုအခါ မာရိ​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​နှစ်ဆယ်​သား​ကို​ယူ​၍ ယေရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီးလျှင် မိမိ​ဆံပင်​နှင့် ခြေ​တော်​ကို​သုတ်​လေ​၏​။ ထို​ဆီမွှေး​၏​ရနံ့​သည်​လည်း တစ်​အိမ်​လုံး​ပျံ့နှံ့​သွား​၏။


သင်​တို့​သည် ငါ့​ကို ဆရာ​ဟူ၍​လည်းကောင်း၊ သခင်​ဘုရား​ဟူ၍​လည်းကောင်း ခေါ်​ကြ​၏။ ငါ​သည် ထို​အတိုင်း​ဖြစ်​သောကြောင့် သင်​တို့ ထိုသို့​ခေါ်​ကြ​သည်​မှာ လျောက်ပတ်​ပေ​၏။


ထို့ကြောင့် သခင်​ဘုရား​လည်း​ဖြစ်၍ ဆရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အချင်းချင်း​တို့​၏​ခြေ​ကို​ဆေး​ကြ​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ