အကျွန်ုပ်တို့၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိစဉ် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဂရုမပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြီးမားသော မေတ္တာကရုဏာတော်ကို မအောက်မေ့ဘဲ ပင်လယ်အနီး၊ ပင်လယ်နီအနီးတွင် ပုန်ကန်ခဲ့ကြပါ၏။
ရှင်ယောဟန် 10:6 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤပုံဥပမာကို လူတို့အားမိန့်တော်မူသော်လည်း မည်သည့်အကြောင်းအရာများမိန့်တော်မူသည်ကို သူတို့နားမလည်ကြ။ Common Language Bible သခင်ယေရှုသည်ဤပုံဥပမာကိုထိုသူတို့ အားမိန့်တော်မူသော်လည်း သူတို့သည်ပုံဥပမာ တော်၏အနက်အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ Garrad Bible ထိုသို့မိန့်တော်မူချက်ကို သူတို့နားမလည်ကြ။ Judson Bible ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် သူတို့ကို ဤပုံဥပမာ ဟောပြောသော်လည်း သူတို့သည် အနက်အဓိပ္ပာယ်ကို နားမလည်ကြပေ။ မြန်မာ ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ |
အကျွန်ုပ်တို့၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိစဉ် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဂရုမပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြီးမားသော မေတ္တာကရုဏာတော်ကို မအောက်မေ့ဘဲ ပင်လယ်အနီး၊ ပင်လယ်နီအနီးတွင် ပုန်ကန်ခဲ့ကြပါ၏။
သူတို့သည် မည်သည့်အရာကိုမျှမသိကြ။ မည်သည့်အရာကိုမျှလည်း နားမလည်ဘဲ အမှောင်ထဲ၌ သွားလာကြ၏။ ကမ္ဘာမြေကြီး၏အခြေအမြစ်အပေါင်းတို့သည် တုန်လှုပ်ကြ၏။
မကောင်းမှုပြုသောသူတို့သည် တရားမျှတမှုကိုနားမလည်ကြ။ ထာဝရဘုရားကိုရှာသောသူတို့မူကား အပြည့်အဝနားလည်ကြ၏။
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။
ဤအရာအားလုံးကို သင်တို့နားလည်ကြသလော”ဟု မေးတော်မူ၏။ တပည့်တော်တို့က “နားလည်ပါ၏”ဟု ပြန်လျှောက်ကြ၏။
ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
ဤအရာများကို ပုံဥပမာအားဖြင့် သင်တို့အား ငါဟောပြောခဲ့သော်လည်း ပုံဥပမာအားဖြင့် မဟောပြောတော့ဘဲ ခမည်းတော်၏အကြောင်းကို သင်တို့အား အတိအလင်းငါဖော်ပြမည့်အချိန်ကာလရောက်လာတော့မည်။
တပည့်တော်တို့က “ယခု ကိုယ်တော်သည် ပုံဥပမာကိုမဆောင်တော့ဘဲ အတိအလင်းမြွက်ဆိုတော်မူ၏။
ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း”ဟု အချင်းချင်းငြင်းခုံပြောဆိုကြ၏။
တပည့်တော်တို့ထဲမှအများစုသည် ကြားလျှင် “ဤစကားသည် ပြင်းထန်လှ၏။ မည်သူနားထောင်နိုင်မည်နည်း”ဟု ဆိုကြ၏။
‘သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့မည်မဟုတ်။ ငါရှိရာအရပ်သို့လည်း သင်တို့မလာနိုင်ကြ’ဟူ၍ သူပြောသောစကား၏အဓိပ္ပာယ်မှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွှန်း၍ မြွက်ဆိုလျက်နေကြောင်းကို ထိုသူတို့သဘောမပေါက်ကြ။
သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။
ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်၏။ ရေချိုးပြီးသောဝက်သည် ရွှံ့တွင်ပြန်လူးတတ်၏ဟူသော မှန်ကန်သည့်ဆိုရိုးစကားအတိုင်း ထိုသူတို့၌ဖြစ်ပျက်လေပြီ။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။