Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 6:52 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

52 ထိုအခါ ဂျူး​လူမျိုး​တို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါ​တို့​စား​ရန် မည်သို့​ပေး​နိုင်​မည်နည်း”​ဟု အချင်းချင်း​ငြင်းခုံ​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

52 ထို​အ​ခါ ``ဤ​သူ​သည်​အ​ဘယ်​သို့​လျှင်​ငါ​တို့ စား​ရန်​အ​တွက် သူ​၏​အ​သား​ကို​ပေး​နိုင်​ပါ မည်​နည်း'' ဟု​လူ​တို့​သည်​အ​ချင်း​ချင်း​ပြင်း ထန်​စွာ​ငြင်း​ခုံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

52 သို့ဖြစ်၍ယုဒလူမျိုးတို့က ဤသူသည်ကိုယ့်အသားကိုအစာအဖြစ် မည်သို့ပေးနိုင်သနည်းဟု အချင်းချင်းငြင်းခုံပြောဆိုကြသော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

52 ထို​အ​ခါ ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် မိ​မိ​အ​သား​ကို ငါ​တို့​စား​စ​ရာ​ဖို့​အ​ဘယ်​သို့ ပေး​နိုင်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

52 ထိုအခါ ဂျူးလူမျိုးတို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါတို့​စား​ရန် မည်သို့​ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

52 ထို​အ​ခါ ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် မိ​မိ​အ​သား​ကို ငါ​တို့​စား​စ​ရာ​ဖို့​အ​ဘယ်​သို့ ပေး​နိုင်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 6:52
11 ပူးပေါင်းရင်းမြစ်များ  

ဂျူး​လူမျိုး​တို့​သည် ယောဟန်​ထံသို့ ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အနွယ်ဝင်​များ​ကို ဂျေရုဆလင်​မြို့​မှ​စေလွှတ်​၍ “သင်​သည်​မည်သူ​နည်း”​ဟု မေးမြန်း​စေ​ကြ​သောအခါ ယောဟန်​၏​သက်သေခံ​ချက်​မှာ ဤသို့​ဖြစ်​၏။


ဤ​စကား​တော်​များ​ကြောင့် ဂျူး​လူမျိုး​တို့​ထဲတွင် ကွဲပြား​ခြင်း​ရှိ​ကြ​ပြန်​၏။


နိကောဒင်​က​လည်း “အသက်ကြီး​သော​သူ​သည် မည်ကဲ့သို့ မွေးဖွား​ခြင်း​ခံ​နိုင်​မည်နည်း။ သူ့​မိခင်​၏​ဝမ်း​ထဲသို့ နောက်တစ်ဖန်​ဝင်​၍ မွေးဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။


နိကောဒင်​က​လည်း “ဤ​အရာ​တို့​သည် မည်သို့​ဖြစ်​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ပြန်​သော်


ထို​အမျိုးသမီး​က “အရှင်၊ အရှင့်​မှာ​ရေ​ခပ်​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ဤ​ရေတွင်း​လည်း​နက်​သည်​ဖြစ်၍ ထို​အသက်​ရေ​ကို အဘယ်က​ရ​ပါ​မည်နည်း။


ယေရှု​က“ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏”​ဟု မိန့်​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​က


တပည့်​တော်​တို့​ထဲမှ​အများစု​သည် ကြား​လျှင် “ဤ​စကား​သည် ပြင်းထန်​လှ​၏။ မည်သူ​နားထောင်​နိုင်​မည်နည်း”​ဟု ဆို​ကြ​၏။


ထိုအခါ ဖာရိရှဲ​အချို့​တို့​က “ဤ​သူ​သည် ဥပုသ်နေ့​ကို​မ​စောင့်ထိန်း​သောကြောင့် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်”​ဟု ဆို​ကြ​၏။ သို့သော် အချို့​တို့​က “အပြစ်သား​ဖြစ်​သော​သူ​တစ်​ဦး​သည် ဤသို့​သော​နိမိတ်​လက္ခဏာ​များ​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ဆို​ကြ​သဖြင့် သူ​တို့​ထဲတွင်​ကွဲပြား​ခြင်း​ရှိ​၏။


သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ