ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ရှင်ယောဟန် 1:17 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။ Common Language Bible ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။- Judson Bible အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။ မြန်မာ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။- |
ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
မေတ္တာကရုဏာနှင့် သမ္မာတရားသည် တွေ့ဆုံကြပြီ။ ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အချင်းချင်းနမ်းကြပြီ။
ကိုယ်တော်သည် အစ္စရေးအမျိုးအနွယ်အပေါ် ထားရှိသည့် မိမိ၏မေတ္တာကရုဏာတော်နှင့် သစ္စာတော်တို့ကို အောက်မေ့တော်မူပြီ။ ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်ရကြပြီ။
ကိုယ်တော်သည် ရှေးယခင်ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည့်အတိုင်း ယာကုပ်အား သစ္စာတော်ကိုလည်းကောင်း၊ အာဗြဟံအား မေတ္တာကရုဏာတော်ကိုလည်းကောင်း ပြတော်မူမည်။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက“သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏”ဟု ပြန်၍မိန့်တော်မူ၏။
ငါသည် ခမည်းတော်ရှေ့၌ သင်တို့ကိုစွပ်စွဲမည်ဟုမထင်ကြနှင့်။ သင်တို့ကိုစွပ်စွဲသူမှာ သင်တို့မျှော်လင့်အားထားသောမောရှေပင်ဖြစ်၏။
မောရှေသည် သင်တို့အား ပညတ်တရားကိုပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် ထိုပညတ်တရားကို လိုက်နာကျင့်သုံးသောသူတစ်စုံတစ်ယောက်မျှမရှိ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ရှာကြံနေကြသနည်း”ဟု ပြန်၍မိန့်တော်မူ၏။
သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် မောရှေအား အမိန့်ရှိတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူကား မည်သည့်အရပ်မှလာသည်ကို ငါတို့မသိ”ဟု သူ့ကိုပုတ်ခတ်ပြောဆိုကြ၏။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
သူသည် သိနာတောင်၌ သူ့အားစကားပြောခဲ့သောကောင်းကင်တမန်မှစ၍ ငါတို့၏ဘိုးဘေးများနှင့်အတူ တောကန္တာရတွင်ရှိသောလူအစုအဝေးထဲ၌ရှိလျက် ငါတို့အားပေးအပ်ရန် အသက်ရှင်သောနှုတ်ကပတ်တရားကို လက်ခံရရှိခဲ့၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသည်ဖြစ်၍ အပြစ်တရားသည် သင်တို့ကို အစိုးတရပြုလိမ့်မည်မဟုတ်။
အကြောင်းမူကား ဘုရားသခင်၏ကတိတော်ရှိသမျှတို့သည် ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ငါတို့အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ထင်ရှားမည့်အကြောင်း ငါတို့သည် “အာမင်”ဟု ကိုယ်တော်အားဖြင့်ဆိုကြ၏။
ငါဆိုလိုသည်မှာ ဤသို့ဖြစ်၏။ နှစ်ပေါင်းလေးရာသုံးဆယ်လွန်ပြီးမှ ပေါ်လာသည့်ပညတ်တရားသည် ဘုရားသခင်ကြိုတင်ဖွဲ့ထားသောပဋိညာဉ်ကို မပယ်ဖျက်သကဲ့သို့ ကတိတော်ကိုလည်း မပျက်ပြယ်စေနိုင်ရာ။
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “အို အစ္စရေးလူမျိုးတို့၊ ယနေ့ သင်တို့ကြားသိအောင် ငါဆင့်ဆိုသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို နားထောင်လော့။ သင်ယူလော့။ လိုက်နာစောင့်ထိန်းလော့။
ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။ သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ။