Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 8:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 သမ္မာတရား​ကို​သိ​ကြ​သဖြင့် သမ္မာတရား​သည် သင်​တို့​ကို လွတ်မြောက်​စေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သမ္မာ​တ​ရား​ကို​လည်း​သိ​သ​ဖြင့်​ထို​သမ္မာ တ​ရား​သည်​သင်​တို့​အား​လွတ်​လပ်​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 သမ္မာတရားကို သိမြင်သဖြင့် ထိုတရားကြောင့်လွတ်ရာရောက်ကြလိမ့်မည်ဟု မိန့်တော်မူသော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 သ​မ္မာ​တ​ရား​ကို​လည်း သိ​ကြ​သ​ဖြင့်၊ ထို​တ​ရား​သည် သင်​တို့​ကို လွှတ်​လိမ့်​မည်​ဟု၊ ယုံ​ကြည်​သော ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 သမ္မာတရား​ကိုလည်း သိ​သဖြင့် ထို​သမ္မာတရား​သည် သင်တို့​ကို လွတ်မြောက်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

32 သ​မ္မာ​တ​ရား​ကို​လည်း သိ​ကြ​သ​ဖြင့်၊ ထို​တ​ရား​သည် သင်​တို့​ကို လွှတ်​လိမ့်​မည်​ဟု၊ ယုံ​ကြည်​သော ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 8:32
42 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ လွတ်လပ်​ခြင်း​ထဲ၌ သွားလာ​ပါ​မည်​။


ကိုယ်တော်​၏​သမ္မာတရား​ထဲ၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​၍ အကျွန်ုပ်​ကို သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​စောင့်မျှော်​ပါ​၏​။


ငါ​ဆိုဆုံးမ​သော​စကား​ကို လိုက်နာ​ကြ​လော့​။ ကြည့်ရှု​လော့​။ ငါ​သည် ငါ​၏​ဝိညာဉ်​ကို သင်​တို့​အပေါ်​သို့​သွန်းလောင်း​မည်​။ ငါ​၏​စကား​များ​ကို သင်​တို့​အား သိ​စေ​မည်​။


အကြောင်းမူကား သူ​တို့​သည် အသိပညာ​ကို​မုန်း​၍ ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို မ​ရွေးချယ်​ကြ​။


သို့သော် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​သည် မိုး​စင်စင်လင်း​သည့်​တိုင်အောင် ပို၍ပို၍​ထွန်းလင်း​လာ​သည့် အရုဏ်ဦး​၏​အလင်းရောင်​ကဲ့သို့​ဖြစ်​၏​။


လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။


သင်​တို့​သည် လက်ယာ​ဘက်​၊ သို့မဟုတ် လက်ဝဲ​ဘက်​သို့ လှည့်​သောအခါ “​ဤ​လမ်း​သည် မှန်​၏​။ ဤ​လမ်း​အတိုင်း သွား​လော့​”​ဟု သင်​တို့​နောက်​၌​ပြော​သော​စကား​ကို သင်​တို့​၏​နား​ဖြင့် ကြား​ကြ​ရ​မည်​။


ထို​အရပ်​၌ လမ်းမကြီး​တစ်​လမ်း​ရှိ​၏​။ ထို​လမ်း​ကို သန့်ရှင်း​သော​လမ်း​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ထို​လမ်း​၌ မစင်ကြယ်​သော​သူ သွားလာ​ရ​မည်​မ​ဟုတ်​။ ထို​လမ်း​သည် ထို​လမ်း​ပေါ် လျှောက်​မည့်​သူ​တို့​အတွက်​သာ​ဖြစ်​၏​။ ဆိုးမိုက်​ခဲ့​သော​သူ​တို့​ပင် ထို​လမ်း​ပေါ်​ရောက်​လျှင် လမ်းလွဲ​ကြ​တော့​မည်​မ​ဟုတ်​။


သင်​၏​သားသမီး​အပေါင်း​တို့​သည် ထာဝရဘုရား​၏​သွန်သင်​တော်မူ​ခြင်း​ကို​ခံရ​မည်​။ သူ​တို့​၌ ငြိမ်သက်​ခြင်း​အတိ​ရှိ​မည်​။


ဘုရားရှင်​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏​။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​ဘိသိက်ပေး​တော်မူ​ပြီ​။ စိတ်နှလုံး​ကြေကွဲ​သော​သူ​တို့​ကို ဖြေသိမ့်​ပေး​ရန်​၊ ဖမ်းဆီးချုပ်နှောင်​ခံရ​သူ​တို့​အား လွတ်မြောက်​ခြင်း​တရား​ကို​ဟောပြော​ရန်​၊ အကျဉ်းချ​ခံရ​သော​သူ​တို့​အား လွတ်ငြိမ်း​ခြင်း​တရား​ဟောပြော​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။


ထာဝရဘုရား​က “​လမ်း​များ​၌​ရပ်​၍ ကြည့်​ကြ​လော့​။ ရှေးလမ်းဟောင်း​ကို ရှာဖွေ​လျက် ကောင်း​သော​လမ်း​အဘယ်မှာ​ရှိ​သနည်း​ဟု မေးမြန်း​၍ ထို​လမ်း​ကို​လိုက်​လျှင် သင်​တို့​၏​စိတ်ဝိညာဉ် သက်သာ​ရာ​ရ​လိမ့်မည်​။ သို့သော် သူ​တို့​က ‘​ထို​လမ်း​သို့ ငါ​တို့​မ​လိုက်​’​ဟု ဆို​ကြ​၏​။


ထာဝရဘုရား​အား သိကျွမ်း​ဖို့ ကြိုးစားအားထုတ်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် အရုဏ်ဦး​အလင်း​ကဲ့သို့ ထွက်ပေါ်​လာ​မည်​။ မြေ​ပေါ်သို့​ရွာချ​သော မိုးဦး​၊ မိုးနှောင်း​ကဲ့သို့ ရောက်လာ​မည်​။


ထို့နောက်တွင် သူ​သည် မိမိ​သားသမီး​များ​နှင့်တကွ သင့်​ထံ​မှ​ထွက်သွား​၍ မိမိ​မျိုးနွယ်စု​ရှိ​ရာ​သို့​ပြန်သွား​ရ​မည်​။ မိမိ​ဘိုးဘေး​တို့​ပိုင်ဆိုင်​ရာ​မြေ​သို့ ပြန်သွား​ရ​မည်​။


“ငါ​၏​နာမ​တော်​ကို ကြောက်ရွံ့ရိုသေ​သော သင်​တို့​အဖို့ ဖြောင့်မတ်​ခြင်း​နေမင်း​သည် ကုသ​ခြင်း​တောင်ပံ​နှင့်တကွ ပေါ်ထွန်း​လာ​လိမ့်မည်​။ သင်​တို့​သည်​လည်း တင်းကုပ်​မှ နွားသငယ်​ကဲ့သို့ ခုန်ပေါက်​လျက် ထွက်လာ​မည်​။


ငါ​သည် နူးညံ့​သိမ်မွေ့​လျက် နှိမ့်ချ​သော​စိတ်နှလုံး​ရှိ​သောကြောင့် ငါ့​ထမ်းပိုး​ကို​ယူ​၍​ထမ်း​ကာ ငါ့​ထံ၌​နည်းခံ​ကြ​လော့။ ထိုအခါ သင်​တို့​၏​စိတ်​ဝိညာဉ်​သည် သက်သာ​ရာ​ရ​လိမ့်မည်။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။


အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။


သမ္မာတရား​အားဖြင့် သူ​တို့​ကို​သန့်ရှင်း​စေ​တော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်​ပါ​၏။


ပရောဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​သွန်သင်​တော်မူ​ခြင်း​ကို ခံရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်’ဟု ရေး​ထား​သည်​ဖြစ်​၍ ခမည်းတော်​ထံ၌ ကြားနာ​ပြီး နည်းခံ​သော​သူ​တိုင်း​သည် ငါ့​ထံသို့​လာ​ကြ​၏။


မည်သူမဆို ထို​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်သင်​ချက်​သည် ဘုရားသခင်​ထံမှ​လာ​သလော​၊ သို့မဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​နေ​သလော​ဆို​သည်​ကို သိ​လိမ့်မည်။


ထို့ကြောင့် သား​တော်​သည် သင်​တို့​ကို​လွတ်မြောက်​စေ​လျှင် သင်​တို့​သည် ဧကန်​အမှန်​လွတ်မြောက်​ကြ​လိမ့်မည်။


သို့သော် ယခု​အခါ သင်​တို့​သည် အပြစ်​၏​လက်​မှ​လွတ်မြောက်​ခွင့်​ရ​၍ ဘုရားသခင်​၏​ကျွန်​ဖြစ်လာ​ကြ​ပြီး သန့်ရှင်း​ခြင်း​သို့​ရောက်​စေ​သည့်​အကျိုးကျေးဇူး​ကို ခံစား​ရ​ကြ​၏။ ၎င်း​၏​ရလဒ်​မူကား ထာဝရ​အသက်​ဖြစ်​၏။


သင်​တို့​သည် ကြောက်ရွံ့​ခြင်း​သို့ တစ်ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိညာဉ်​ကို​ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သားသမီး​အရာ​ကို​ပေး​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။ ထို​ဝိညာဉ်​တော်​အားဖြင့် “အဗ္ဗ၊ အဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။


အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။


အကြောင်းမူကား ကျွန်​ဖြစ်​စဉ် သခင်​ဘုရား​၌ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် သခင်​ဘုရား​အားဖြင့်​လွတ်လပ်​ခွင့်​ရ​သူ​ဖြစ်​၏။ ထိုနည်းတူ လွတ်လပ်​သူ​ဖြစ်စဉ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် ခရစ်တော်​၏​ကျွန်​ဖြစ်​၏။


လွတ်လပ်​မှု​ကို​ရရှိ​စေရန် ခရစ်တော်​သည် ငါ​တို့​ကို လွတ်မြောက်​စေ​တော်မူ​ပြီ။ ထို့ကြောင့် ခိုင်မြဲ​စွာ​ရပ်တည်​လျက် ကျွန်​ထမ်းပိုး​တွင် နောက်တစ်ဖန် ချည်နှောင်​ခြင်း​မ​ခံ​ကြ​နှင့်။


ညီအစ်ကို​တို့၊ သင်​တို့​သည် လွတ်လပ်​မှု​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ သို့သော် ထို​လွတ်လပ်​မှု​ကို သွေးသား​ဇာတိ​အတွက် အခွင့်အရေး​တစ်​ခု​အနေဖြင့် မ​သုံး​ဘဲ မေတ္တာ​အားဖြင့် အချင်းချင်း​အစေခံ​ကြ​လော့။


ထို​မိန်းမ​တို့​သည် အမြဲ​သင်ယူ​နေ​ကြ​သော်လည်း မည်သည့်​အခါ​မျှ သမ္မာတရား​ကို​သိရှိ​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။


သို့သော် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​စုံလင်​သည့်​တရား​တော်​ကို သေချာ​စွာ​ကြည့်ရှု​လျက် စောင့်ထိန်း​သော​သူ​သည် ကြားနာ​၍​မေ့လျော့​တတ်​သူ​မ​ဟုတ်​ဘဲ လက်တွေ့​လိုက်နာ​ကျင့်သုံး​သော​သူ​ဖြစ်​၏။ ထို​သူ​သည် မိမိ​ပြု​သော​အမှု​၌ ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်။


ထို့ကြောင့် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​တရား​တော်​အားဖြင့် စီရင်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ပြောဆို​ကျင့်ကြံ​ကြ​လော့။


လွတ်လပ်​သော​သူ​များ​အဖြစ် အသက်ရှင်​နေထိုင်​ကြ​လော့။ သို့သော် ထို​လွတ်လပ်​ခြင်း​ကို မကောင်းမှု​ပြု​ရန် ဆင်ခြေဆင်လက်​အဖြစ် အသုံး​မ​ပြု​ဘဲ ဘုရားသခင်​၏​အစေအပါး​အဖြစ် အသုံးပြု​ကြ​လော့။


သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌​ငါ​ချစ်​သည့် ရွေးကောက်​ခံရ​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​နှင့် သူ​၏​သားသမီး​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ သင်​တို့​ကို ငါ​တစ်ဦးတည်း​သာ ချစ်​သည်​မ​ဟုတ်။ သမ္မာတရား​ကို​သိ​သော​သူ​အပေါင်း​တို့​သည်​လည်း သင်​တို့​ကို​ချစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ