ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
ရှင်မာကု 4:26 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မြေပေါ်၌ လူတစ်ဦးမျိုးစေ့ကြဲသည်နှင့်တူ၏။ Common Language Bible ထိုနောက်ကိုယ်တော်ကဆက်လက်၍ ``ဘုရားသခင် ၏နိုင်ငံတော်သည် မျိုးကြဲသူလူတစ်ယောက်ကြုံ တွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။- Garrad Bible ကိုယ် တော် က လည်း ဘု ရား သ ခင့် နိုင် ငံ တော် သည် မြေ တွင် လူ တစ် ဦး မျိုး ကြဲ ခြင်း နှင့် တူ၏။ Judson Bible ထိုမှတစ်ပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တစ်ဖန် မိမိမကြည့်မမှတ်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက “ဘုရားသခင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် လယ်၌ မျိုးစေ့ကို ကြဲ၏။ မြန်မာ ထိုမှတစ်ပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တစ်ဖန် မိမိမကြည့်မမှတ်၊- |
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
လေကိုစောင့်ကြည့်နေသောသူသည် မျိုးစေ့ကိုကြဲရလိမ့်မည်မဟုတ်။ မိုးတိမ်ကိုကြည့်နေသောသူသည်လည်း ရိတ်သိမ်းရလိမ့်မည်မဟုတ်။
နံနက်အချိန်၌ သင်၏မျိုးစေ့ကိုကြဲလော့။ ညနေခင်း၌လည်း သင်၏လက်ကိုအနားမပေးနှင့်။ အကြောင်းမူကား မည်သည်ကအောင်မြင်မည်နည်း။ ဤသည်လော၊ ထိုသည်လော၊ သို့မဟုတ် နှစ်ခုစလုံးအညီအမျှ ကောင်းမည်လောဟူ၍ သင်မသိနိုင်။
ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကြဲ၍ နွား၊ မြည်းတို့၏ခြေကို လွှတ်ပေးသောသင်တို့သည် မင်္ဂလာရှိကြ၏။
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို မိမိစိုက်ခင်း၌ ကြဲသောသူနှင့်တူ၏။
ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။
ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ
အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။
“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု ယုဒနယ်ရှိတောကန္တာရတွင် ဟောပြောလေ၏။
ထိုအချိန်မှစ၍ ယေရှုသည်“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု စတင်ဟောပြောတော်မူ၏။
အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်”ဟု မိန့်တော်မူ၏။
သူသည် ညအချိန်နှင့်နေ့အချိန်၌ အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အညှောက်ထွက်၍ ကြီးထွားလာ၏။ ၎င်းသည် မည်ကဲ့သို့ကြီးထွားလာသည်ကို ထိုသူမသိ။
ထို့ကြောင့် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။
“မျိုးကြဲသောသူသည် မိမိမျိုးစေ့များကိုကြဲရန် ထွက်သွားလေ၏။ ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့သည် လမ်းဘေးတွင်ကျသဖြင့် နင်းချေခြင်းခံရ၍ မိုးကောင်းကင်ငှက်တို့သည် ၎င်းကို ကောက်စားကြ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ဂျုံစေ့တစ်စေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် တစ်စေ့တည်းရှိနေ၏။ ပျက်စီးလျှင်မူကား များစွာသောအသီးကို ဖြစ်ထွန်းစေတတ်၏။
ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် ဖြောင့်မတ်ခြင်းအသီး၏မျိုးစေ့ကို ငြိမ်းချမ်းစွာကြဲတတ်ကြ၏။