Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 4:26 - မြန်မာ

26 ထို​မှ​တစ်​ပါး လူ​သည် လယ်၌ မျိုး​စေ့​ကြဲ​ပြီး​မှ နောက်​တစ်​ဖန် မိ​မိ​မ​ကြည့်​မ​မှတ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ထို​နောက်​ကိုယ်​တော်​က​ဆက်​လက်​၍ ``ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​သည် မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​ကြုံ တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ကိုယ် တော် က လည်း ဘု ရား သ ခင့် နိုင် ငံ တော် သည် မြေ တွင် လူ တစ် ဦး မျိုး ကြဲ ခြင်း နှင့် တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​မှ​တစ်​ပါး လူ​သည် လယ်၌ မျိုး​စေ့​ကြဲ​ပြီး​မှ နောက်​တစ်​ဖန် မိ​မိ​မ​ကြည့်​မ​မှတ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မြေ​ပေါ်၌ လူ​တစ်​ဦး​မျိုးစေ့​ကြဲ​သည်​နှင့်တူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ထို့နောက် ယေရှု​က “ဘုရားသခင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ လယ်သမား​တစ်ဦး​သည် လယ်​၌ မျိုးစေ့​ကို ကြဲ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 4:26
24 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်၏ နက်​နဲ​သော အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ထို​သူ​တို့​မူ​ကား အ​ခွင့်​မ​ရှိ​ကြ၊-


အ​ခြား​သော ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​သော​သူ​နှင့် တူ၏။-


ထို​အ​ခါ ဥ​ပ​မာ​စ​ကား​များ​တို့​ကို မြွက်​ဆို​တော်​မူ​သည်​မှာ၊ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။-


အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။-


အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ၏။ မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌​ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။


ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။


ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-


အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။


ည၊ နေ့၊ အိပ်​လျက်၊ နိုး​လျက်​နေ​သော်​လည်း အ​ပင်​ပေါက်၍ ကြီး​ပွား​သည်​နှင့် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် တူ၏။-


တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​အ​ရာ​နှင့် တူ​သ​နည်း။ အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။-


ထို​ဥ​ပ​မာ အ​နက်​အ​ဓိ​ပ္ပာယ်​ကား မျိုး​စေ့​သည် ဘု​ရား​သ​ခင်၏​တ​ရား​စ​ကား ဖြစ်၏။-


မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။ အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ကျော်​နင်း​ခြင်း​ကို ခံ​ရ၍ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ကောက်​စား​ကြ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မြေ၌​ကျ​သော​စ​ပါး​စေ့​သည် မ​ပျက်​လျှင် တစ်​ခု​တည်း​နေ၏။ ပျက်​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ