အကျွန်ုပ်သည် များစွာသောသူတို့အတွက် ရှေ့ပြေးနိမိတ်ကဲ့သို့ဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သောခိုလှုံရာဖြစ်ပါ၏။
ရှင်မာကု 15:5 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယေရှုသည် နောက်ထပ် မည်သည့်အရာကိုမျှ ပြန်၍ မိန့်တော်မမူဘဲနေသဖြင့် ပိလတ်မင်းသည် အံ့ဩလေ၏။ Common Language Bible သခင်ယေရှုသည်ဆိတ်ဆိတ်နေတော်မူသဖြင့် ပိလတ်မင်းသည်အံ့သြလေ၏။ Garrad Bible ယေ ရှု သည် တစ် ခွန်း တစ် ပါ ဒ မျှ မိန့် ပြန် တော် မ မူ သော ကြောင့် ပိ လတ် မင်း အံ့ သြ ၏။ Judson Bible စကားတစ်ခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ယေရှုသည် စကားတစ်ခွန်းမျှ ပြန်၍ မိန့်တော်မမူဘဲနေသဖြင့် ပိလတ်မင်းသည် အလွန်အံ့သြလေ၏။ မြန်မာ စကားတစ်ခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။ |
အကျွန်ုပ်သည် များစွာသောသူတို့အတွက် ရှေ့ပြေးနိမိတ်ကဲ့သို့ဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သောခိုလှုံရာဖြစ်ပါ၏။
သူသည် ညှဉ်းဆဲနှိပ်စက်ခြင်းခံရသော်လည်း နှုတ်ကိုမဖွင့်ဘဲနေ၏။ အသတ်ခံရမည့်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရသောသိုးသငယ်ကဲ့သို့၊ အမွေးညှပ်သောသူရှေ့၌ တိတ်ဆိတ်စွာနေသောသိုးကဲ့သို့ နှုတ်ကိုမဖွင့်ဘဲနေ၏။
ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
အို ယဇ်ပုရောဟိတ်မင်းယောရှု၊ နားထောင်လော့။ သင်နှင့်အတူ သင့်ရှေ့တွင်ထိုင်သောသင့်အပေါင်းပါတို့လည်း နားထောင်ကြလော့။ အကြောင်းမူကား သူတို့သည် နိမိတ်လက္ခဏာနှင့်ဆိုင်သောလူများ ဖြစ်ကြ၏။ ကြည့်ရှုလော့။ ငါ့အစေအပါးဖြစ်သည့် အတက်ကို ငါထွက်လာစေမည်။
သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏စွပ်စွဲခြင်းကိုခံရသောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုကိုမျှ ပြန်၍ဖြေတော်မမူ။
သို့သော် ကိုယ်တော်သည် စကားတစ်ခွန်းကိုမျှ ပြန်၍မိန့်တော်မမူဘဲနေသဖြင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
တစ်ဖန် ပိလတ်မင်းသည် ကိုယ်တော်အား “သင်သည် တစ်စုံတစ်ခုမျှမဖြေဘဲနေသလော။ သင့်ကိုမည်မျှလောက်စွပ်စွဲနေကြသည်ကိုကြည့်ပါ”ဟု ဆို၏။
သို့ဖြစ်၍ သူသည် ကိုယ်တော်ကိုမေးခွန်းများစွာမေးလေ၏။ သို့သော် ကိုယ်တော်သည် မည်သည့်အရာကိုမျှ ဖြေကြားတော်မမူခဲ့ချေ။
ရုံးတော်ထဲသို့ပြန်ဝင်ကာ ယေရှုအား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေ၏။ သို့သော် ယေရှုသည် တစ်ခွန်းမျှ ဖြေကြားတော်မမူ။
ဘုရားသခင်သည် တမန်တော်ဖြစ်ကြသောငါတို့ကို နောက်ဆုံးတွင်ထား၍ အသေသတ်ခြင်းခံရမည့်သူများကဲ့သို့ ထုတ်ပြတော်မူပြီဟု ငါထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကောင်းကင်တမန်များရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာဖြစ်လာကြ၏။