မိမိတို့၏တဲများတွင် ညည်းတွားကာ ထာဝရဘုရား၏စကားတော်ကို နားမထောင်ခဲ့ကြချေ။
ရှင်မာကု 14:5 - မြန်မာ့စံမီသမ္မာကျမ်း ဤဆီမွှေးကို ဒေနာရိသုံးရာကျော်နှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု အချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးကိုအပြစ်တင်ကြ၏။ Common Language Bible ဤဆီမွှေးကိုဒေနာရိအပြားသုံးရာကျော်နှင့် ရောင်း၍ ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု အချင်းချင်းပြောဆိုကာအမျိုးသမီးကို အပြစ်တင်ကြ၏။ Garrad Bible ငွေ သုံး ရာ ကျော် နှင့် ရောင်း ပြီး လျှင် သူ ဆင်း ရဲ များ အား ပေး ကမ်း နိုင် လေ ပြီ ဟု အ ချင်း ချင်း ပြော ဆို လျက် ထို မိန်း မ ကို ဆုံး မ ကြ ၏။ Judson Bible ဒေနာရိအပြားသုံးရာမကသော အဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤဆီမွှေးကို ငွေဒင်္ဂါးပြားသုံးရာဖြင့်ရောင်း၍ ဆင်းရဲသားများအား လှူဒါန်းသင့်သည်” ဟု အချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးကို အပြစ်တင်ကြ၏။ မြန်မာ ဒေနာရိအပြားသုံးရာမကသော အဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။- |
မိမိတို့၏တဲများတွင် ညည်းတွားကာ ထာဝရဘုရား၏စကားတော်ကို နားမထောင်ခဲ့ကြချေ။
သို့သော် ထိုအစေအပါးသည် ထွက်သွား၍ သူ့ထံ၌ ဒေနာရိတစ်ရာအကြွေးတင်သော အစေအပါးချင်းတစ်ဦးကိုတွေ့လျှင် သူ့ကိုဖမ်း၍ လည်ပင်းညှစ်လျက် ‘သင်ယူထားသောအကြွေးကို ပြန်ဆပ်လော့’ဟု ဆို၏။
ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု ဆိုကြ၏။
ထိုအခါ လူအချို့တို့သည် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤဆီမွှေးကို ဖြုန်းတီးရသနည်း။
သို့သော် ယေရှုက“သူပြုလိုရာပြုပါစေ။ သူ့ကို အဘယ်ကြောင့်နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ကောင်းသောအမှုကိုပြုလေပြီ။
ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “ဤသူသည် အပြစ်သားများကိုလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
အချို့တို့က ယုဒသည် ငွေအိတ်ကိုကိုင်ရသည်ဖြစ်၍ ယေရှုက ပွဲတော်အတွက်လိုအပ်သောအရာများကို ဝယ်ယူလော့၊ သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ခုပေးသင့်သည်ဟူ၍ သူ့ကိုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။
ဖိလိပ္ပုကလည်း “သူတို့ကို တစ်ယောက်တစ်ဖဲ့စီပေးသည့်တိုင် ဒေနာရိနှစ်ရာဖိုးထိုက်သောမုန့်ရှိလျှင်လည်း လုံလောက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
သူတို့ထဲမှ အချို့တို့သည် ညည်းညူသကဲ့သို့ သင်တို့သည် မညည်းညူကြနှင့်။ ထိုသို့ညည်းညူသောသူတို့သည် ဖျက်ဆီးသောတမန်အားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
သင်တို့သည် မိမိတို့၏တဲများ၌ ညည်းတွားကြလျက် ‘ထာဝရဘုရားသည် ငါတို့ကိုမုန်းတီးသောကြောင့် အာမောရိလူမျိုးတို့၏လက်သို့အပ်ခြင်းဖြင့် ငါတို့ကို ဖျက်ဆီးဖို့ အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပါသည်တကား။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။