Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 1:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သင်​တို့​သည် မိမိ​တို့​၏​တဲ​များ​၌ ညည်းတွား​ကြ​လျက် ‘​ထာဝရဘုရား​သည် ငါ​တို့​ကို​မုန်းတီး​သောကြောင့် အာမောရိ​လူမျိုး​တို့​၏​လက်​သို့​အပ်​ခြင်း​ဖြင့် ငါ​တို့​ကို ဖျက်ဆီး​ဖို့ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မုန်း​သ​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​လက် ဖြင့် ငါ​တို့​အား​သေ​စေ​ခြင်း​ငှာ​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ထာ ဝ ရ ဘု ရား သည် ငါ တို့ ကို မ နှစ် မြို့ သော ကြောင့် အာ မော ရိ လူ မျိုး လက် တွင်း သို့ အပ် နှင်း၍ ဖျက် ဆီး အံ့ သော ငှါ၊ အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​မုန်း၍ ဖျက်​ဆီး​ချင်​သော​ကြောင့်၊ အာ​မော​ရိ​လူ​တို့ လက်၌​အပ်​လို​သော​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 1:27
8 ပူးပေါင်းရင်းမြစ်များ  

မိမိ​တို့​၏​တဲ​များ​တွင် ညည်းတွား​ကာ ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ခဲ့​ကြ​ချေ​။


အစ္စရေး​အမျိုးသား​တို့​က မောရှေ​နှင့်​အာရုန်​အား “​ငါ​တို့​သည် အီဂျစ်​ပြည်​တွင် အသား​ဟင်းအိုး​ဘေး​၌​ထိုင်​၍ မုန့်​ကို​ဝ​စွာ​စား​လျက်​နေစဉ် ထာဝရဘုရား​၏​လက်​တော်​ဖြင့် ငါ​တို့​သေ​ရ​လျှင်​ကောင်း​၏​။ ယခု​မူကား သင်​တို့​သည် ဤ​လူအစုအဝေး​အပေါင်း​တို့​ကို ငတ်မွတ်​၍ သေ​စေရန် ဤ​တောကန္တာရ​ထဲသို့ ခေါ်ဆောင်​ခဲ့​ကြ​သည်​တကား​”​ဟု ညည်းညူ​ပြ​ကြ​၏​။


တစ်ဖန် မောရှေ​က “​ထာဝရဘုရား​သည် နေဝင်ချိန်​၌ သင်​တို့​စားစရာ​အသား​ကို​လည်းကောင်း​၊ နံနက်အချိန်​၌ လုံလောက်​သော​မုန့်​ကို​လည်းကောင်း ပေး​တော်မူ​မည်​။ အကြောင်းမူကား ထာဝရဘုရား​ထံ သင်​တို့​ညည်းညူ​၍ မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား ကြား​တော်မူ​ပြီ​။ ငါ​တို့​သည် မည်သူ​ဖြစ်၍​နည်း​။ သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​သည် ငါ​တို့​ကို​ဆန့်ကျင်​သည်​မ​ဟုတ်​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​နေ​ခြင်း​ပင်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။


ငါ​တို့​ကို ဓား​ဖြင့်​သေ​စေရန် ထာဝရဘုရား​သည် အဘယ်ကြောင့် ဤ​ပြည်​သို့​ခေါ်ဆောင်​ခဲ့​သနည်း​။ ငါ​တို့​၏​မယား​နှင့်​ကလေး​တို့​သည် လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​သို့​ပြန်သွား​လျှင် ငါ​တို့​အတွက် သာ၍​ကောင်း​သည်​မ​ဟုတ်​လော​”​ဟု ဆို​ကြ​၏​။


လူ​တို့​က “​မုန့်​မ​ရှိ​၊ ရေ​မ​ရှိ​သော ဤ​တောကန္တာရ​တွင် သေ​စေရန် အဘယ်ကြောင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သနည်း​။ အရသာ​ပေါ့ရွှတ်​သော​အစားအစာ​ကို​လည်း ငါ​တို့​ငြီးငွေ့လှ​ပြီ​”​ဟု ဘုရားသခင်​နှင့်​မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။


တစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် မိမိ​မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မိမိ​မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​သည့် ခက်ထန်​သော​သူ​ဖြစ်​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်။


သခင်​သည် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ပြီး မိမိ​မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​လျက် မိမိ​မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သောကြောင့် အကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။


သို့မဟုတ်လျှင် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထုတ်ဆောင်​လာ​ခဲ့​သည့်​ပြည်​မှ လူ​တို့​က “ထာဝရဘုရား​သည် သူ​တို့​အား ကတိထား​သည့်​ပြည်​သို့ ပို့ဆောင်​ရန်​မ​တတ်နိုင်​သောကြောင့်​၊ သူ​တို့​ကို​မုန်းတီး​သောကြောင့် တောကန္တာရ​ထဲ၌ သူ​တို့​ကို​ကွပ်မျက်​ရန် ထုတ်ဆောင်​တော်မူ​ခဲ့​၏”​ဟု ဆို​ကြ​ပါ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ