ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
ရှင်မာကု 12:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် ထိုအစေအပါးကို ဖမ်းဆီး၍ရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။ Common Language Bible ခြံသမားတို့သည်ထိုကျွန်ကိုဖမ်းဆီးရိုက်နှက် ပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။- Garrad Bible ဥ ယျာဉ် သ မား တို့ သည် ဖမ်း ဆီး ရိုက် နှက် ပြီး လျှင် လက် ချည်း ပြန် လွှတ် ကြ ၏။ Judson Bible ထိုသူတို့သည် ငယ်သားကိုဖမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်း လွှတ်လိုက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် စပျစ်ခြံလုပ်သားများက ထိုအစေခံအား ဖမ်းဆီးရိုက်နှက်၍ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။ မြန်မာ ထိုသူတို့သည် ငယ်သားကိုဖမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်း လွှတ်လိုက်ကြ၏။- |
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
‘ငါ ဘေးကင်းစွာပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချထား၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟူ၍ ရှင်ဘုရင်အမိန့်ပေးကြောင်းပြောကြားလော့”ဟု မိန့်ဆို၏။
ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
ပါရှုရသည် ပရောဖက်ယေရမိအား ရိုက်နှက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ အထက်ဗင်္ယာမိန်တံခါး၌ ထိတ်ခတ်ထားလေ၏။
ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒနေရာတွင် သင့်ကိုယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူပြီ။ သင်သည် ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်ရသူဖြစ်ပြီ။ ပရောဖက်အယောင်ဆောင်သောသူရူးရှိသမျှတို့ကို အချုပ်ထဲတွင် ထိပ်ခတ်ထားရမည်ဟု သင်ဆိုလေပြီ။
“ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား သင်ဆင့်ဆိုသောစကားကို ငါတို့နားမထောင်။
ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
အသီးပေါ်ချိန်ရောက်သောအခါ ခြံသမားတို့ထံမှ စပျစ်ခြံထွက်အသီးများကိုရယူရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့စေလွှတ်လေ၏။
နောက်တစ်ဖန် အခြားအစေအပါးတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်ရာ ဦးခေါင်းကိုရိုက်၍ သူ့ကိုအရှက်ခွဲကြ၏။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့်ပရောဖက်များကိုသတ်၍ ငါတို့ကိုလည်း လိုက်လံညှဉ်းဆဲကြ၏။ သူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေဘဲ လူအပေါင်းတို့ကို ဆန့်ကျင်လျက်