ရှင်မာကု 12:2 - မြန်မာ့စံမီသမ္မာကျမ်း2 အသီးပေါ်ချိန်ရောက်သောအခါ ခြံသမားတို့ထံမှ စပျစ်ခြံထွက်အသီးများကိုရယူရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့စေလွှတ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍ ဥယျာဉ်သီးခွန်ကိုတောင်း ခံစေ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 အ ချိန် တန် သည့် ကာ လ ဥ ယျာဉ် သီး ခွန် ကောက် ယူ စေ ရန် ကျွန် တစ် ယောက် ကို စေ လွှတ် လိုက် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible2 ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတစ်ဦးကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။ အခန်းကိုကြည့်ပါ။မြန်မာ2 ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- အခန်းကိုကြည့်ပါ။ |
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။