ရောမ 7:5 - မြန်မာ့စံမီသမ္မာကျမ်း
အကြောင်းမူကား ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ်ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏။
အခန်းကိုကြည့်ပါ။
ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။-
အခန်းကိုကြည့်ပါ။
ရုပ် ခ န္ဓာ အောက်၌ ငါ တို့ ရှိ နေ ကြ စဉ် ပ ညတ် တ ရား တော် ကြောင့် အ ပြစ် ဆိုင် ရာ ဝါ သ နာ များ သည် သေ မင်း အ ဖို့ အ ကျိုး ဖြစ် ပွား စေ ရန် ငါ တို့ ကိုယ် အင်္ဂါ များ၌ ပြု စု ခဲ့ သော် လည်း၊
အခန်းကိုကြည့်ပါ။
ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့်စပ်ဆိုင်သော စိတ်တို့သည် ပညတ်တရားအားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွားမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင်ကြ၏။-
အခန်းကိုကြည့်ပါ။
လူ့ဗီဇစိတ်အတိုင်း ကျွန်ုပ်တို့ ကျင်လည်ခဲ့စဉ်က ပညတ်တရား၏ လှုံ့ဆော်မှုအားဖြင့် ပေါ်ပေါက်လာသော အပြစ်ပြုလိုစိတ်သည် ကျွန်ုပ်တို့အတွင်း၌ သက်ဝင်လှုပ်ရှား၍ သေခြင်းသို့ပို့ဆောင်သည့်အကျင့်ဆိုးကို ဖြစ်စေကြ၏။
အခန်းကိုကြည့်ပါ။