မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကို အမျက်ထွက်၍ ရန်သူလက်သို့ အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးရှိရန်သူတို့၏ပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
ရောမ 7:15 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် မိမိပြုနေသည့်အမှုကိုပင် ကိုယ်တိုင်နားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကိုယ်ပြုလိုသောအရာကို မပြုဘဲ ကိုယ်မုန်းသောအရာကို ပြုနေ၏။ Common Language Bible မိမိကိုယ်တိုင်ပြုသည့်အမှုကိုပင်နားမလည်။ အဘယ်ကြောင့်ဆိုသော်မိမိပြုကျင့်လိုသည့် အတိုင်းမပြုကျင့်ဘဲ မိမိရွံမုန်းသည့်အမှု ကိုသာပြုသောကြောင့်ဖြစ်၏။- Garrad Bible ငါ သ ဘော မြတ် ရာ ကို မ ပြု ကျင့် ဘဲ ရွံ ရှာ ရာ ကို ပြု ရ သည် မှာ ပြု လျက် နေ သော အ ရာ ကို နား မ လည် လေ စွ။ Judson Bible အကြောင်းမူကား၊ ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သောအကျင့်ကို မကျင့်၊ ရွံရှာသော အကျင့်ကို ကျင့်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် မိမိကိုယ်တိုင်ပြုသော အပြုအမူကိုပင် နားမလည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိပြုလိုသောအပြုအမူကို မပြုဘဲ မိမိမုန်းတီးသော အပြုအမူကိုသာ ပြုသောကြောင့် ဖြစ်၏။ |
မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကို အမျက်ထွက်၍ ရန်သူလက်သို့ အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးရှိရန်သူတို့၏ပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။
ဆိုးညစ်သောအမှုအရာကို အကျွန်ုပ်မျက်မှောက်မပြုပါ။ လမ်းလွဲသောသူတို့ပြုသောအမှုကိုလည်း အကျွန်ုပ်မုန်းသည်ဖြစ်၍ အကျွန်ုပ်ကို ငြိတွယ်မည်မဟုတ်ပါ။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများအားဖြင့် အသိဉာဏ်ကိုရရှိပါ၏။ ထို့ကြောင့် မှားယွင်းသောလမ်းရှိသမျှတို့ကို အကျွန်ုပ်မုန်းပါ၏။
အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောသူတို့ကို မုန်းပါ၏။ သို့သော် ကိုယ်တော်၏တရားတော်ကို မြတ်နိုးပါ၏။
ထို့ကြောင့် ကိုယ်တော်၏ဥပဒေသအားလုံးတို့သည် အကုန်အစင်ဖြောင့်မှန်သည်ဟု အကျွန်ုပ်မှတ်ယူလျက် မှားယွင်းသောလမ်းရှိသမျှတို့ကို မုန်းပါ၏။
အကျွန်ုပ်သည် မုသားကိုမုန်းတီး၍ စက်ဆုပ်ရွံရှာပါ၏။ ကိုယ်တော်၏တရားတော်ကိုကား မြတ်နိုးပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။”
ဒုစရိုက်များသည် အကျွန်ုပ်ကိုလွှမ်းမိုးသောအခါ ကိုယ်တော်သည် အကျွန်ုပ်တို့ကျူးလွန်သော အပြစ်များကို ဖြေလွှတ်တော်မူ၏။
ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းမှုကို မုန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏စိတ်ဝိညာဉ်ကို စောင့်ရှောက်၍ သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။
ဖြောင့်မတ်သောသူသည် မုသားစကားကို မုန်း၏။ ဆိုးယုတ်သောသူမူကား စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ မျက်နှာပျက်ရတတ်၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်ချိန်၌ မှီခိုရာဖြစ်တော်မူ၏။ ကိုယ်တော်၌ ခိုလှုံသောသူတို့ကို စောင်မတော်မူ၏။
ဤသို့ဖြင့် သင်တို့သည် သင်တို့ဘိုးဘေးများပြုသောအမှုတို့ကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် ပရောဖက်များကိုသတ်၍ သင်တို့သည် သင်္ချိုင်းဂူများကိုတည်ဆောက်ကြ၏။
ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။
ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။
သင်သည် မိမိ၌ရှိသောယုံကြည်ခြင်းကို ဘုရားသခင်၏ရှေ့တော်၌သာရှိစေလော့။ မှန်သည်ဟုလက်ခံထားသောအမှုအရာ၌ မိမိ၏ဩတ္တပ္ပစိတ်ကြည်လင်သောသူသည် မင်္ဂလာရှိ၏။
ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကို မပြုနိုင်ကြပေ။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။”
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။
အချို့သောသူတို့ကို မီးထဲမှဆွဲထုတ်ကယ်တင်ကြလော့။ အချို့တို့ကိုမူ သူတို့၏သွေးသားဇာတိဖြင့်ညစ်ညူးစွန်းထင်းနေသောအင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သောစိတ်နှင့်တကွ သူတို့ကိုကရုဏာထားကြလော့။