Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 7:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ပညတ်​တရား​သည် ဝိညာဉ်ရေး​နှင့်ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့ရာတွင် ငါ​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​ဖြစ်​ပြီး အပြစ်​တရား​၏​လက်အောက်​တွင် ရောင်းစား​ခြင်း​ခံရ​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ပ​ညတ်​တ​ရား​သည်​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​အ​ပြစ် တ​ရား​၏​ကျွန်​ဖြစ်​သည့်​လူ​သား​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ပ ညတ် တ ရား တော် သည် ဝိ ညာဉ် တော် နှင့် စပ် ဆိုင် ကြောင်း ငါ တို့ သိ ကြ၏။ ငါ မူ ကား အ ပြစ် တ ရား အောက် ကျွန် ခံ သူ၊ ဇာ တိ သ ဘော အောက် နေ သူ ဖြစ် လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့​သိ​ကြ၏။ ငါ​မူ​ကား ဇာ​တိ​ပ​က​တိ​ရှိ၏။ အ​ပြစ်​တ​ရား​လက်၌ ကျေး​ကျွန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ပညတ်တရား​သည် ဝိညာဉ်ရေး​နှင့် ဆိုင်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ကျွန်ုပ်​မှာမူ လူ့​ဗီဇစိတ်​နှင့်​ဆိုင်သောသူ​ဖြစ်​ပြီး အပြစ်တရား​ထံ ရောင်းစားခြင်း​ခံရသူ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 7:14
38 ပူးပေါင်းရင်းမြစ်များ  

လာ​ကြ​။ သူ့​ကို ဣရှမေလ​လူမျိုး​တို့​ထံ ရောင်းလိုက်​ကြ​စို့​။ သူ​သည် ငါ​တို့​၏​ညီ​၊ ငါ​တို့​၏​သွေးသား​ဖြစ်​သောကြောင့် သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ညီအစ်ကို​တို့​သည်​လည်း သူ့​ကို​နာခံ​ကြ​၏​။


အီဂျစ်​ပြည်​သို့​ရောက်​လျှင် မိဒျန်​လူမျိုး​တို့​က ယောသပ်​ကို ဖာရော​မင်းကြီး​၏​မှူးမတ်​ဖြစ်​သည့် ကိုယ်ရံတော်မှူး​ပေါတိဖာ​ထံ ရောင်းလိုက်​ကြ​၏​။


အကယ်စင်စစ် အကျွန်ုပ်​သည် ဟေဗြဲ​ပြည်​မှ အတင်းအကျပ်​ခေါ်ဆောင်​လာ​ခြင်း​ခံ​ခဲ့​ရ​ပါ​၏​။ ဤ​အရပ်​၌​လည်း အကျွန်ုပ်​သည် အမှား​တစ်စုံတစ်ရာ​မ​ပြု​ခဲ့​ဘဲ အကျွန်ုပ်​ကို ဤ​မြေအောက်​အကျဉ်းခန်း​ထဲ၌​ထည့်​ထား​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။


ထိုအခါ အာဟပ်​မင်းကြီး​က ဧလိယ​အား “​အို ငါ့​ရန်သူ​၊ သင်​သည် ငါ့​ကို​တွေ့​ပြီ​လော​”​ဟု ဆို​လျှင် ဧလိယ​က “​သင်​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ပြု​ရန် သင့်ကိုယ်သင်​ရောင်းစား​သောကြောင့် သင့်​ကို​ငါ​တွေ့​ပြီ​။


အကယ်စင်စစ် အာဟပ်​မင်းကြီး​ကဲ့သို့​မိဖုရား​ယေဇဗေလ​၏​သွေးဆောင်မှု​နောက်​သို့​လိုက်ပါ​သွား​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် မိမိကိုယ်ကို​ရောင်းစား​သော​သူ တစ်ယောက်မျှ​မ​ရှိ​။


သူ​တို့​၏​သား​သမီး​တို့​ကို မီးရှို့​ပူဇော်​ကြ​၏​။ ဂမ္ဘီရအတတ်​၊ ဟူးရားအတတ်​တို့​ကို ဆည်းပူး​ကြ​၏​။ မကောင်းမှု​ပြု​ရန် ကိုယ့်ကိုယ်ကိုယ်​ရောင်းစား​ခြင်း​ဖြင့် ထာဝရဘုရား​ကို အမျက်ထွက်​စေ​ကြ​၏​။


ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။


အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် မြေမှုန့်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။


ကိုယ်တော်​သည် အတွင်းစိတ်​၌​မှန်ကန်မှု​ရှိ​ခြင်း​ကို နှစ်သက်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​အတွင်း​နှလုံးသား​ထဲ၌ ဉာဏ်ပညာ​ကို သွန်သင်​ပေး​တော်မူ​၏​။


နေ့​အချိန်​ဖြစ်လျှင် ရိုက်သောသူ​၌ လူသတ်​သော​အပြစ်​ရှိ​၏​။ သူခိုး​သည် မုချ​အလျော်ပေး​ရ​မည်​။ သူ​၌​မည်သည့်​အရာ​မျှ​မ​ရှိ​လျှင် ခိုးယူ​ထား​သော​အရာ​အတွက် သူ​သည်​အရောင်း​ခံရ​မည်​။


အကယ်စင်စစ် ငါ​သည် လူ​တကာ​တို့​ထက် အသိတရားမဲ့​၍ ငါ​၌​လူ့​အသိဉာဏ်​မ​ရှိ​။


ဘုရားသခင်​၏​မိန့်​တော်မူ​ချက်​ရှိသမျှ​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တို့​အတွက် ကိုယ်တော်​သည် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။


ထာဝရဘုရား​က “​သင်​တို့​မိခင်​ကို ငါ​အဝေး​သို့​နှင်ထုတ်​လိုက်​သောအခါ မည်သည့်​ကွာရှင်း​စာ ငါ​ပေး​သနည်း​။ မည်သည့်​အကြွေးရှင်​ထံ သင်​တို့​ကို ငါ​ရောင်းစား​ခဲ့​သနည်း​။ သင်​တို့​၏​အပြစ်​ကြောင့်​သာ သင်​တို့​ရောင်းစား​ခံရ​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​ကြောင့်​သာ သင်​တို့​မိခင်​သည် အဝေး​သို့​နှင်ထုတ်​ခံရ​၏​။


ထာဝရဘုရား​က “​သင်​တို့​သည် အဖိုးမဲ့​ရောင်းစား​ခံရ​သည်​ဖြစ်၍ ငွေ​မ​ပေး​ရ​ဘဲ ရွေးနုတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။


အနာကြီးရောဂါ​သည် အရေပြား​ပေါ်၌ ပြန့်ပွား​၍ အနာ​ဖြစ်​နေ​သော​သူ​၏​ဦးခေါင်း​မှ​ခြေ​တိုင်အောင် ယဇ်ပုရောဟိတ်​တွေ့မြင်​နိုင်​သော​နေရာ​ရှိသမျှ​၏​အရေပြား​အားလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​လျှင်


အသား​စို​သည် ပြန်​ဖြူ​သွား​လျှင် သူ​သည် ယဇ်ပုရောဟိတ်​ထံသို့ သွား​ရ​မည်​။


သင်​၏​အမျိုးသားချင်း​ကို လက်တုံ့​မ​ပြန်​ရ​။ အငြိုး​မ​ထား​ရ​။ ကိုယ့်​အိမ်နီးချင်း​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ငွေ​အတွက် ဖြောင့်မတ်​သော​သူ​ကို ရောင်းစား​၏​။ ဖိနပ်​တစ်ရံ​အတွက် နွမ်းပါး​သူ​ကို ရောင်းစား​၏​။


သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။


သို့သော် ထို​သူ​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် သူ​ကိုယ်တိုင်​မှစ၍ သား​မယား​နှင့် သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​တို့​ကို​ရောင်း​၍ အကြွေး​ဆပ်​ရန် သူ့​သခင်​သည် အမိန့်​ချ​လေ​၏။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်​သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား အမျိုးသမီး​တစ်​ယောက်​ကို ကိလေသာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်နှလုံး​ထဲ၌ ထို​အမျိုးသမီး​နှင့်​ပြစ်မှား​လေ​ပြီ။


ရှိမုန်​ပေတရု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် ယေရှု​၏​ခြေ​တော်​ရင်း​၌ ပျပ်ဝပ်​လျက် “သခင်၊ အကျွန်ုပ်​သည် အပြစ်​များ​သော​သူ​ဖြစ်၍ အကျွန်ုပ်​ထံမှ ကြွသွား​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။


ထိုအခါ ယေရှု​သည် ထို​သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ တပ်မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေရာ​သို့​ရောက်​တော်မူ​သောအခါ တပ်မှူး​သည် မိတ်ဆွေ​များ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ အပင်ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွ​ဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံ​ထိုက်​ပါ။


သို့ဖြစ်လျှင် မည်သို့​နည်း။ ငါ​တို့​သည် သာ၍​ကောင်းမြတ်​သလော။ လုံးဝ​မ​ဟုတ်​ပေ။ အကြောင်းမူကား ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ လူ​အပေါင်း​တို့​သည် အပြစ်​တရား​အောက်၌​ရှိ​ကြောင်း အထက်​က ငါ​တို့​ထောက်ပြ​ခဲ့​ပြီ။


ငါ​တို့​၏​လူ​ဟောင်း​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သည်မှာ အပြစ်​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​သည် ဖျက်ဆီး​ခြင်း​ခံရ​လျက် ငါ​တို့​သည် နောက်ထပ် အပြစ်​ထံ၌ ကျွန်​မ​ခံရ​ရန်​အတွက်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။


ငါ့​အထဲ၌ တစ်နည်းအားဖြင့် ငါ​၏​သွေးသား​ဇာတိ​ထဲ၌ ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ကိန်းအောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်လည်း ၎င်း​ကို ပြု​နိုင်စွမ်း​မ​ရှိ။


ထိုနည်းတူ ငါ​တို့​သည်​လည်း ကလေး​သူငယ်​ဖြစ်​ကြ​စဉ် လောက​၏​အခြေခံ​တရား​အောက်၌ ကျွန်ခံ​ခဲ့​ကြ​၏။


သန့်ရှင်း​သူ​အားလုံး​တို့​တွင် အငယ်ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော​ငါ့​အား ဤ​ကျေးဇူး​တော်​ကို​ပေးအပ်​တော်မူ​ခြင်း​မှာ ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်​သော ခရစ်တော်​၏​ကြွယ်ဝ​မှု​ကို လူမျိုးခြား​တို့​အား​ဟောပြော​စေရန်​နှင့်


သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​ဖြင့် ချစ်​ရ​မည်​။


ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထက်မြက်​ကာ အသွား​နှစ်​ဖက်​ပါ​သည့် ဓား​ရှိသမျှ​တို့​ထက် သာ၍​ထက်​သဖြင့် အသက်​နှင့်​ဝိညာဉ်​တို့​အထိ​လည်းကောင်း၊ အဆစ်အမြစ်​နှင့်​ခြင်ဆီ​တို့​အထိ​လည်းကောင်း ထိုးဖောက်​ပိုင်းခြား​တတ်​၏။ စိတ်နှလုံး​၏​စဉ်းစား​ဆင်ခြင်​မှု​နှင့်​သဘောထား​တို့​ကို​လည်း ထိုးထွင်း​သိမြင်​နိုင်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ