Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 7:15 - Common Language Bible

15 မိ​မိ​ကိုယ်​တိုင်​ပြု​သည့်​အ​မှု​ကို​ပင်​နား​မ​လည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​ပြု​ကျင့်​လို​သည့် အ​တိုင်း​မ​ပြု​ကျင့်​ဘဲ မိ​မိ​ရွံ​မုန်း​သည့်​အ​မှု ကို​သာ​ပြု​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ငါ သ ဘော မြတ် ရာ ကို မ ပြု ကျင့် ဘဲ ရွံ ရှာ ရာ ကို ပြု ရ သည် မှာ ပြု လျက် နေ သော အ ရာ ကို နား မ လည် လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​ကို မ​နှစ်​သက်။ ကျင့်​ချင်​သော​အ​ကျင့်​ကို မ​ကျင့်၊ ရွံ​ရှာ​သော အ​ကျင့်​ကို ကျင့်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ငါ​သည် မိမိ​ပြု​နေ​သည့်​အမှု​ကို​ပင် ကိုယ်တိုင်​နား​မ​လည်​ပေ။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် ကိုယ်​ပြု​လို​သော​အရာ​ကို မ​ပြု​ဘဲ ကိုယ်​မုန်း​သော​အရာ​ကို ပြု​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ကျွန်ုပ်​သည် မိမိ​ကိုယ်တိုင်​ပြုသော အပြုအမူ​ကိုပင် နားမလည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ပြုလိုသော​အပြုအမူ​ကို မပြုဘဲ မိမိ​မုန်းတီးသော အပြုအမူ​ကိုသာ ပြု​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 7:15
32 ပူးပေါင်းရင်းမြစ်များ  

``အ​ပြစ်​မ​ကူး​လွန်​သူ​လူ​တစ်​ယောက်​မျှ​မ​ရှိ ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့ အား​ရန်​သူ​များ​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ လျက် တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း ကို​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။


မ​ကောင်း​မှု​ကို​အ​ဘယ်​အ​ခါ​၌​မျှ​သည်း​ခံ​မည် မ​ဟုတ်​ပါ။ ဘု​ရား​သ​ခင်​အား​ကျော​ခိုင်း​သူ​တို့​၏ အ​ပြု​အ​မူ​တို့​ကို​မုန်း​၍ ထို​အ​ပြု​အ​မူ​တို့​နှင့်​အ​ဘယ်​သို့​မျှ​ပတ်​သက် မည် မ​ဟုတ်​ပါ။


ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​မား​မှ ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သ​ဖြင့်​အ​ကင့်​ဆိုး ဟူ​သ​မှ​ကို​မုန်း​ပါ​၏။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​ပေ"​၌ ဒွိ​ဟ​သ​ဘော​ရှိ​သူ​တို့​ကို​မုန်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မူ​ကား နှစ်​သက်​မြတ်​နိုး​ပါ​၏။


သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော် ရှိ​သ​မှ​တို့​ကို​စောင့်​ထိန်း​၍ လမ်း​မှား​ရှိ​သ​မှ​တို့​ကို​မုန်း​ပါ​၏။


ကွန်​တော်​မျိုး​သည်​မု​သား​မှန်​သ​မှ​ကို မုန်း​တီး​စက်​ဆုပ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပို​မို​ပွင့်​လင်း​စေ​တော်​မူ​မည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​အ​မိန့်​တော်​တို့​ကို စိတ်​အား​ထက်​သန်​စွာ​လိုက်​နာ​ပါ​မည်။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​တို့​ကို အ​လွန်​စောင့်​ထိန်း​လို​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​ပါ။


အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မှား​အ​ယွင်း​များ​ကို မ​မြင်​နိုင်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ မ​ထင်​ရှား​သည့်​အ​ပြစ်​များ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​စင်​စေ​တော်​မူ​ပါ။


သူ​သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​စဉ် မ​ကောင်း​မှု​များ​ကို​ကြံ​စည်​တတ်​၏။ သူ​ပြု​ကျင့်​လေ​သ​မျှ​သည်​မ​ကောင်း​မှု သာ​ဖြစ်​၏။ သူ​သည်​ဆိုး​ညစ်​မှု​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ပစ် ပယ်။


ထာ​ဝ​ရ​ဘု​ရား​သည်​မ​ကောင်း​မှု​ကို မုန်း​သော​သူ​တို့​အား​ချစ်​တော်​မူ​၏။ မိ​မိ​လူ​စု​တော်​၏​စည်း​စိမ်​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​သူ​ယုတ်​မာ​တို့ ၏​လက်​မှ ကယ်​ဆယ်​တော်​မူ​၏။


ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်း တတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဘွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။


ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။


အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။


အ​ဆိုး​ကို​မုန်း​၍​အ​ကောင်း​ကို​မြတ်​နိုး လော့။ ရုံး​တော်​များ​၌​တ​ရား​မျှ​တ​မှု​ရှိ စေ​ရန်​စောင့်​ရှောက်​ကြ​လော့။ ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ယော​သပ်​အ​မျိုး​သား​အ​နက်​အ​သက်​ရှင် လျက်​ကျန်​ရစ်​သူ​အ​ချို့​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍၊ မိ​မိ​၏​လူ​မျိုး​တော်​ဒုက္ခ​ရောက်​ချိန်​၌​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ အ​ထံ​တော်​တွင်​ခို​လှုံ​သူ​တို့​အား​ကြည့်​ရှု ပြု​စု​တော်​မူ​၏။


ဤ​သို့​လျှင်​သင်​တို့​၏​ဘိုး​ဘေး​များ​ကူး​လွန် ခဲ့​သည့်​အ​မှု​များ​တွင် သင်​တို့​အ​လို​တူ​အ​လို ပါ​ဖြစ်​ကြ​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​က​သင်္ချိုင်း များ​ကို​တည်​ဆောက်​ပေး​ကြ​၏။-


ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။-


သင်​တို့​၏​မေတ္တာ​သည်​ဟန်​ဆောင်​မှု​နှင့်​လုံး​ဝ ကင်း​ရ​မည်။ သင်​တို့​သည်​ဆိုး​ညစ်​မှု​ကို​မုန်း ၍​ကောင်း​မြတ်​မှု​ကို​စွဲ​လမ်း​လော့။-


ဤ​ကိစ္စ​များ​နှင့်​ပတ်​သက်​၍​သင်​မည်​သို့​ပြု​မူ သည်​မှာ​သင်​နှင့်​ဘု​ရား​သ​ခင်​သာ​သက်​ဆိုင် ၏။ မိ​မိ​မှန်​ကန်​သည်​ဟု​ယုံ​ကြည်​သည့်​အ​တိုင်း ဆောင်​ရွက်​၍​သြတ္တပ္ပ​စိတ်​ကြည်​လင်​သူ​သည် မင်္ဂလာ​ရှိ​၏။-


ငါ​သည်​မိ​မိ​မ​ပြု​ကျင့်​လို​သော​အ​မှု​ကို​ပြု ကျင့်​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​မှန်​ကန်​ကြောင်း ကို​ငါ​ဝန်​ခံ​၏။-


အ​ဘယ်​ကြောင့်​ဆို​သော်​လူ့​ဇာ​တိ​အ​လို​သည် ဝိ​ညာဉ်​တော်​အ​လို​နှင့်​ဆန့်​ကျင်​လျက်​နေ​၍ ဝိ​ညာဉ်​တော်​အ​လို​သည်​လည်း လူ့​ဇာ​တိ​အ​လို နှင့်​ဆန့်​ကျင်​လျက်​နေ​သော​ကြောင့်​ဖြစ်​၏။ လူ့ ဇာ​တိ​သ​ဘော​နှင့်​ဝိ​ညာဉ်​တော်​သည်​ရန်​သူ များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ တို့​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​မ​ပြု​နိုင်​ကြ။-


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ချ​ထား​တော်​မူ သည့်​အုတ်​မြစ်​သည်​ခိုင်​ခံ့​လျက်​ရှိ​ပေ​သည်။ ထို​အုတ်​မြစ်​ပေါ်​တွင်``ထာ​ဝ​ရဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​သိ​တော်​မူ​၏'' ဟူ​၍ လည်း​ကောင်း၊``သ​ခင်​ဘု​ရား​၏​နာမ​တော်​ကို ခံ​ရ​သူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရ​ကြ​မည်'' ဟူ​၍​လည်း​ကောင်း ကမ္ပည်း​ရေး​ထိုး​၍​ထား​သ​တည်း။


ကိုယ်​တော်​သည်​အ​မှန်​ကို​နှစ်​သက်​တော်​မူ​၍ အ​မှား​ကို​မုန်း​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​၏​ဘု​ရား​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​အား​ရွေး​ချယ်​၍​ကိုယ်​တော်​၏ အ​ပေါင်း​အ​ဖော်​တို့​ထက်​ပို​မို​ချီး​မြှင့်​ကာ ရွှင်​လန်း​ဝမ်း​မြောက်​ခွင့်​ကို​ပေး​တော်​မူ​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။-


ငါ​တို့​အ​ပေါင်း​သည်​မ​ကြာ​ခ​ဏ​မှား​တတ် ကြ​၏။ အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြော​အ​ဆို မ​မှား​သော​သူ​သည်​ပြည့်​ဝ​စုံ​လင်​သော​သူ ဖြစ်​၏။ ထို​သို့​သော​သူ​သည် မိ​မိ​ကိုယ်​တစ် ကိုယ်​လုံး​ကို​ထိန်း​ချုပ်​နိုင်​သူ​ဖြစ်​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ